ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား (၁၅၀) ဦး ထပ်မံစေလွှတ်

0
187

တောင်ကိုရီးယားနိုင်ငံသို့ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား (၁၅၀)ဦးကို ဇွန်လ (၇) ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း တောင်ကိုရီးယား နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

ယခုတစ်ကြိမ် စေလွှတ်ခဲ့သော မြန်မာလုပ်သားများတွင် ကုန်ထုတ်လုပ်သားသစ် (၁၂၁) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၉) ဦး၊ စုစုပေါင်း (၁၅၀) ဦးပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ (၃၀) ရက်ကလည်း တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် (၁၂၁) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၉) ဦး၊ စုစုပေါင်း (၁၃၁) ဦးကို စေလွှတ်ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံသို့ လုပ်သားစေလွှတ်မှုကို ကိုဗစ်ကာလအလွန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ပြန်လည် စတင်စေလွှတ်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံအနေဖြင့် လုပ်သားလိုအပ်ချက်ကြောင့် မြန်မာလုပ်သားများကို တိုးမြှင့်ခေါ်ယူနေသလို လုပ်သားဟောင်းများကိုလည်း ဆက်ပြီးခေါ်ယူခန့်ထားမှုများလည်း ရှိနေကြောင်း သိရသည်။

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ မြန်မာလုပ်သားဦး ရေ ၅၀၀၀၀ နီးပါးရောက်ရှိနေပြီး လစဉ်လုပ်သားဦးရေ ရာချီဆက်လက်ထွက်ခွာနေကြောင်း မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here