အင်တာမိုင်ယာမီ သို့ ရွှေ့ပြောင်းသွားမည်ဟု မက်ဆီ ကြေညာ

0
148

အာဂျင်တီးနား ဂန္တဝင် ကစားသမား လီယွန်နယ် မက်ဆီသည် အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်းသို့ ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း ဇွန်လ ၇ ရက် ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

မက်ဆီသည် ပြီးခဲ့သည့်အပတ် စနေနေ့တွင် ပီအက်စ်ဂျီ အသင်းနှင့် စာချုပ်သက်တမ်း ပြည့်သွားခဲ့ပြီးဖြစ်၍ အသင်းမှ ထွက်ခွာလာခဲ့ပြီဖြစ်သည်။

“ကျွန်တော် မိုင်ယာမီကို သွားဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်။ ရာနှုန်းပြည့်တော့ မသေချာသေးပါဘူး။ လိုအပ်ချက်တချို့ ရှိနေပေမယ့် ကျွန်တော့်ရဲ့ ကစားသမားဘဝကို အဲဒီမှာ ဆက်လက် လျှောက်လမ်းဖို့ ဆုံးဖြတ်လိုက်တယ်” ဟု ရွှေဘောလုံးဆု ၇ ဆု ပိုင်ရှင် မက်ဆီက စပိန်သတင်းဌာနများဖြစ်သည့် စပေါ့နှင့် မန်ဒို ဒီပေါ့တီဗိုတို့နှင့် အင်တာဗျူးရာတွင် ပြောကြားခဲ့သည်။

အင်တာမိုင်ယာမီ ဆိုသည်မှာ မက်ဆီ၏ ဖန်အကြီးစားဖြစ်သည့် ဒေးဗစ် ဘက်ခမ်း၏ ကလပ်ဖြစ်သည်။ ဘက်ခမ်းသည် ၂၀၁၉ ခုနှစ်ကတည်းက မက်ဆီအား ၎င်း၏ကလပ်ထံ တစ်နေနေ့တော့ ခေါ်ယူနိုင်မည်ဟန်ဖြင့် ပြောခဲ့ဖူးသည်။

အမေရိကန် မေဂျာလိဂ်ဘောလုံး (MLS) ကလည်း မက်ဆီနှင့် စာချုပ်ချုပ်ဆိုခြင်း မပြီးမြောက်သေးသော်လည်း မက်ဆီအား ကြိုဆိုပါကြောင်း ပြောလာခဲ့သည်။

မက်ဆီသည် ပီအက်စ်ဂျီမှ ထွက်ခွာပြီးနောက် ရော်နယ်ဒိုနှင့် ဘန်ဇီးမားတို့ရှိရာ ဆော်ဒီလိဂ်သို့ စံချိန်တင် လစာနှုန်းထားဖြင့် ပြောင်းရွှေ့မည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သေးသော်လည်း လူအများ အာရုံစိုက်မှု နည်းသည့် အမေရိကန်လိဂ်ကိုသာ ရွေးချယ်ခဲ့ပုံရသည်။ မက်ဆီ၏ ဖခင်ဖြစ်သူကလည်း သူ့သားသည် ဥရောပအသင်းတစ်သင်းထံမှ ကမ်းလှမ်ခံရသော်လည်း အင်တာ မိုင်ယာမီဆီသာ သွားဖို့ ဆုံးဖြတ်ခဲ့သည်ဟု ပြောခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here