ကျောင်းတက်၊ ကျောင်းဆင်းချိန်များတွင် ယာဉ်ကြောကြပ်တည်းမှု မရှိစေရေးဆောင်ရွက်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှာကြား

0
148

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းဖွင့်ရာသီ ရောက်ရှိပြီဖြစ်သည့်အတွက် ကျောင်းတက်၊ ကျောင်းဆင်းချိန်များတွင် ယာဥ်ကြောကြပ်တည်းမှု မရှိစေရေးကြီးကြပ်လုပ်ဆောင်ကြရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားသည်။

ဇွန်လ (၇) ရက် နံနက်ပိုင်းက တိုင်းအစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျောင်းနေအရွယ်ကလေးများအားလုံး KG+9 အခြေခံပညာအလယ်တန်းအဆင့်အထိ သင်ယူခွင့်ရရှိရေးအတွက် အားလုံးဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ရန်၊ ကျောင်းဖွင့်ရာသီဖြစ်၍ ကျောင်းသား/သူများ ကျောင်းတက်၊ ကျောင်းဆင်းချိန်များတွင် ယာဉ်ကြောကြပ်တည်းမှု မရှိစေရေးဆောင်ရွက်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်က မှာကြားခဲ့သည်။

ထို့ပြင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းမှုရှိစေရေး၊ ရုံးအဆောက်အဦးနှင့် ဝန်ထမ်းအိမ်ရာဝန်းကျင်သန့်ရှင်းရေး၊ရေစီးရေလာ ကောင်းမွန်ရေးတို့ကို ပုံမှန်ရှင်းလင်းရန်နှင့်မိုးဦးကာလ၌ ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

ထို့အတူ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်မျိုးမင်းထိုက်နှင့် တိုင်းဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ကဏ္ဍအလိုက်ရှင်းလင်းတင်ပြခဲ့ကြကြောင်းလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here