မိဘငွေ သိန်း ၁,၈၀၀ ကျော်ကို မိုဘိုင်းဂိမ်းမှာ ဖြုန်းပစ်လိုက်တဲ့ ၁၃ နှစ်အရွယ် မိန်းကလေး

0
236

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်က ဂိမ်းစွဲနေတဲ့ ၁၃ နှစ်အရွယ် မိန်းကလေးဟာ သူ့မိဘတွေ စုဆောင်းထားတဲ့ ယွမ် ၄၄၉,၅၀၀ (မြန်မာငွေ သိန်း ၁,၈၀၀ ကျော်) ကို ဂိမ်းပစ္စည်းတွေ ဝယ်ရာမှာ သုံးပစ်လိုက်တယ်လို့ သိရပါတယ်။

သင်ရဲ့ ငွေစုအကောင့်မှာ နှစ်တွေအကြာကြီး စုဆောင်းခဲ့ရတဲ့ ငွေတွေကို ပြန်စစ်ဖို့ ကြည့်လိုက်တဲ့အချိန် ဘာမှမရှိတော့ဘဲ ပြောင်တလင်းခါ ဖြစ်နေတာကို သင်မြင်ယောင်ကြည့်ပါ။ အခုလည်း တရုတ်ပြည်က မိခင်တစ်ဦးဟာ သမီးရဲ့ ဂိမ်းစွဲတဲ့ ပြဿနာကြောင့် ဒီလိုဖြစ်ရပ်မျိုးနဲ့ ကြုံခဲ့ရပါတယ်။

အဲဒီသမီးငယ်လေးဟာ အဲဒီ လောက်များပြားလှတဲ့ ငွေပမာဏကို သူ့အမေရဲ့ လက်ငင်းငွေချေကတ်ကို သုံးပြီး လေးလအတွင်း သုံးဖြုန်းပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ပြင် ဘဏ်ကနေ အမေဖြစ်သူရဲ့ ဖုန်းဆီ ပို့လာတဲ့ ငွေစာရင်းမှတ်တမ်းတွေကိုလည်း ဖျက်ပစ်ပြီးသူ့အမေမသိအောင် ဖုန်းကွယ်ခဲ့ပါတယ်။

“တောင်တရုတ်နံနက်ခင်း” သတင်းစာရဲ့ ဖော်ပြချက်အရ အဲဒီ ကလေးမလေးဟာ ယွမ် သုံးသိန်းကို ဂိမ်းနဲ့ ဂိမ်းထဲက ပစ္စည်းတွေ ဝယ်ဖို့ အသုံးပြုခဲ့ပြီး ကျန် ယွမ် ၁သိန်းကိုတော့ သူ့အတန်းဖော်တွေကို နှုတ်ပိတ်ဖို့အတွက် သုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်ကို သူ့အမေ စပြီးသတိထားမိတဲ့အချိန်ကတော့ သူ့ရဲ့ ဆရာမက သူဂိမ်းစွဲနေတဲ့ အကြောင်းကို အမေဖြစ်သူဆီ လှမ်းတိုင်လာတဲ့အချိန် ဖြစ်ပါတယ်။ ဆရာမက တိုင်ကြားလာတဲ့အတွက် မိခင်ဖြစ်သူလည်း မသင်္ကာဖြစ်လို့ ဘဏ်အကောင့်ကို စစ်ဆေးကြည့်လိုက်တော့ ၀ ဒမသ ၅ ယွမ်ပဲ ကျန်တော့တာကို တွေ့လိုက်ရတယ်။ ကလေးမရဲ့ အမေကတော့ ဘာမှမပြောနိုင်ဘဲ သူ့သမီးလေး အရေးပေါ် ငွေလိုလာရင် အသုံးပြုနိုင်ဖို့အတွက် လက်ငင်းငွေ‌ချေကတ်ရဲ့ စကားဝှက်ကို ပေးခဲ့မိတာကိုက သူ့ရဲ့ အမှားဖြစ်တယ်ဆိုပြီး ဝန်ခံခဲ့ပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here