အင်းစိန်မြို့နယ်တွင် ပလုံကောက်သည့် ကလေးငယ်တစ်ဦး ကားတိုက်ခံရပြီးသေဆုံး၊ ကားသမား မောင်းပြေးသွား

0
117

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ပလုံကောက်သည့် ကလေးငယ်တစ်ဦး ကားတိုက်ခံရပြီးသေဆုံးမှု ယမန်နေ့ ဇွန်လ (၇) ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ အောင်ဆန်းဈေးအနီးတွင် လမ်းဘေးတွင် ပလုံ (ပလတ်စတစ်၊သံတိုသံစ၊ဗူးခွံအစရှိသဖြင့်) ကောက်နေသည့် အသက်(၉)နှစ်အရွယ် မောင်ကောင်းခန့်အောင်အား ည (၁၀) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် အင်းစိန်ဘက်မှ ရွှေပြည်သာဘက်သို့ သွားသည့် အမည်မသိကားတစ်စီးမှ တိုက်ပြေးသွားခြင်း ဖြစ်သည်။

” ကားအမျိုးအစားကို ပတ်၀န်းကျင်က မမှတ်မိလိုက်ဘူးပြောတယ်၊ လူကလည်းရှင်းနေတော့ တိုက်ပြီးပြေးသွားတာပေါ့” ဟု တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

ယင်းသို့ယာာဉ်တိုက်ခံရမှု အရှိန်ကြောင့် မောင်ကောင်းခန့်အောင် မှာ ညာ နှဖူးကွဲ၊ ညာ ဦးခေါင်း နောက်စေ့ကွဲ၊ ညာ မျက်နှာ တစ်ခြမ်း ပိန်ချိုင့်နှင့် ညာဒူးခေါင်း စုတ်ပြဲ ဒဏ်ရာ (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် အနာဂါတ်အသင်း နှင့် ပူးပေါင်း၍ တွဲလက်လူမှုကူညီရေးအဖွဲ့ မှ အင်းစိန် ပြည်သူဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

ထိုမှတဆင့် လွှဲပြောင်းစာဖြင့် (ရန်ကုန်)ပြည်သူ့ ဆေးရုံ အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့သော်လည်း ကလေးငယ်မှာ ဦးနှောက်ထဲ သွေးရောက်ခဲ့သည့်အတွက်ကြောင့် ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here