အိန္ဒိယကြက်တောင်မယ်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့် တက်ရောက်သွားသည့် သက်ထားသူဇာ

0
140

မြန်မာ့ကြက်တောင်အားကစားမယ်သက်ထားသူဇာသည် မော်လ်ဒိုက်နိုင်ငံတွင် ကျင်းပနေသော “LI-NING Maldives International Challenge 2023” ပြိုင်ပွဲတွင် အိန္ဒိယကြက်တောင်မယ်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အဆင့် (၅၇) ရှိ သက်ထားသူဇာသည် ယနေ့ယှဉ်ပြိုင်ကစားသည့် အမျိုးသမီးတစ်ဦးချင်းပွဲစဉ်၏ R16 အဆင့်တွင် ကမ္ဘာ့အဆင့် (၅၀၆) ရှိအိန္ဒိယကြက်တောင်မယ် Drithi YATHEESH ကို ၂၁ မှတ် ၁၆၊ ၂၁ မှတ် ၁၇ မှတ်ဖြင့် ၂ ပွဲဆက် အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်‌ရောက်သွားခဲ့ခြင်းဖြစ်သည်။

သက်ထားသူဇာသည် ယနေ့ညတွင် ကွာတားဖိုင်နယ်ပွဲစဥ်အဖြစ် ကမ္ဘာ့အဆင့်(၄၆)ရှိ အိန္ဒိယကြက်တောင်မယ် Ashmita CHALIHA နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပုံစာ – R16 အဆင့် ယှဉ်ပြိုင်နေသည့် သက်ထားသူဇာ


LEAVE A REPLY

Please enter your comment!
Please enter your name here