ဆည်ကျိုးမှုအတွက် အထောက်အပံ့များမရ၍ အံ့ဩတုန်လှုပ်မိဟုဇလန်းစကီးဆို

0
139

ဘာလင်၊ဇွန် ၈

ယူကရိန်းသမ္မတဇလန်းစကီးက ရုရှားသိမ်းပိုက်ထားသောခါဆန်ဒေသမှ Kakhovka ဆည်ပျက်စီးသွားသော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့်ကြက်ခြေနီအဖွဲ့ထံမှ အကူအညီများမရရှိ၍ စိတ်ပျက်မိကြောင်း ဇွန် ၇ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။

“လူ့အသက်ကယ်တင်ရမဲ့အဖွဲ့အစည်းတွေက အရေးပေါ်အခြေနေမှာ အရံသင့်ရှိမနေတဲ့အတွက် တကယ်ထိတ်လန့်တုန်လှုပ်ရပါတယ်” ဟုလည်း၎င်းကပြောကြားခဲ့သည်။

ယူကရိန်းရှေ့တန်းစစ်မျက်နှာပြင်အနီးရှိ ဆည်ကျိုးမှုကြောင့် ရွာပေါင်းဒါဇင်နှင့်ချီကာရေဖုံးလွှမ်းခဲ့ပြီး အနီးနားရှိမြို့များ၏ဒေသအချို့၌လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။အဆိုပါဖြစ်ရပ်ကြောင့် လူထောင်ချီ၍ နေရပ်စွန့်ခွာရှောင်တိမ်းနေကြရသည်။

နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် Jens Stoltenberg ကမူ ယခုကိစ္စအတွက် ယူကရိန်းနှင့် အရေးပေါ် ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးဥက္ကဋ္ဌအဖြစ်ကြာသပတေးနေ့တွင် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့ပြီး ပြင်သစ်ကလည်း အထောက်အကူပြုပစ္စည်းပေးပို့မည်ဟုဆိုခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here