၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထွက်ရှိ

0
301

ပညာရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင် စာရင်းများအား တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် ဇွန် ၉ ရက်နံနက် ၆ နာရီမှစတင်၍ကပ်ထားခဲ့ရာ ရန်ကုန်တိုင်းအတွင်း စာစစ်ဌာနကျောင်းများ၌ အောင်စာရင်းလာရောက်ကြည့်ရှူနိုင်ကြောင်းသိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအား မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website ဖြစ်သည့် www.myanmarexam.org တွင်လည်း နံ နက် ၄ နာရီမှစတင်၍ အသိပေးထုတ်ပြန်ခဲ့ပြီး ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့်အင်တာနက် အဆက်အသွယ်ကောင်းစွာမရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံရေဒီယိုအစီအစဉ်မှ ကြေညာပေးသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here