“LI-NING Maldives International Challenge 2023” ပြိုင်ပွဲတွင် ကွာတားအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် သက်ထားသူဇာ

0
127

မြန်မာ့ကြက်တောင်အားကစားမယ်သက်ထားသူဇာသည် မော်လ်ဒိုက်နိုင်ငံတွင် ကျင်းပနေသော “LI-NING Maldives International Challenge 2023” ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်ဖြင့်သာကျေနပ်လိုက်ရကြောင်း သိရသည်။

ကမ္ဘာ့အဆင့် (၅၇) ရှိ သက်ထားသူဇာသည် ယမန်နေ့ကယှဉ်ပြိုင်ကစားသည့် အမျိုးသမီးတစ်ဦးချင်းပွဲစဉ်၏ ကွာတားဖိုင်နယ်အဆင့်တွင် ကမ္ဘာ့အဆင့် (၄၆) ရှိအိန္ဒိယကြက်တောင်မယ် Ashmita CHALIHA နှင့် ယှဉ်ပြိုင်ရာ၂၁ မှတ် ၁၁၊ ၂၁ မှတ် ၁၆ မှတ်ဖြင့် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့သည့်အတွက် ကွာတားဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ်လိုက်ရခြင်းဖြစ်သည်။

သက်ထားသူဇာသည် လာမည့် ဇွန်လ ၂၀ ရက်မှ ၂၅ ရက်အထိ YONEX TAIPEI OPEN 2023 တွင်၀င်ရောက်ယှဉ်ပြိုင်ဦးမည်ဖြစ်သည်။

Photo – Thet Htar Thuzar IG (ပုံအဟောင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here