နိုင်ငံခြားစာစစ်ဌာန အပါအဝင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၁) သိန်းကျော်ရှိ

0
171

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံခြားစာစစ်ဌာန အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ဖြေဆိုသူ ၁၆၁၈၅၀ ဦးရှိသည့်အနက် စာမေးပွဲအောင်မြင်သူ ၁၀၉၈၅၁ ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၈၇ ရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏စာရင်းများအရ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနက် မန္တလေးတိုင်းဒေသကြီးမှ ၁၆၀၁၈ ဦးဖြင့် အများဆုံးရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ၁၅၂၈၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁၃၆၃၀ ဦးရှိခဲ့ကြောင်း စာရင်းများအရ သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးမှ ၆၅၂၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၂၆၅၈ ဦး၊ နေပြည်တော်မှ ၄၁၈၀ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၈၅၃၁ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၉၃၂၁ ဦးနှင့် နိုင်ငံခြားစာစစ်ဌာနမှ ၁၀ ဦး အသီးသီးအောင်မြင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကချင်ပြည်နယ်မှ ၇၀၇၅ ဦး၊ ကယားပြည်နယ်မှ ၆၃၇ ဦး၊ ကရင်ပြည်နယ်မှ ၁၆၆၅ ဦး၊ ချင်းပြည်နယ်မှ ၂၀၄၅ ဦး၊ မွန်ပြည်နယ်မှ ၄၁၇၂ ဦး၊ ရခိုင်ပြည်နယ်မှ ၉၉၆၄ ဦး၊ ရှမ်းပြည်နယ်မှ ၈၂၃၀ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် ဇွန်လ ၉ ရက်၊ နံနက် ၆ နာရီမှစတင်၍ ကပ်ထားခဲ့ပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website ဖြစ်သည့် www.myanmarexam.org တွင်လည်း နံနက် ၄ နာရီမှစတင်၍ အသိပေးထုတ်ပြန်ခဲ့သည်။

ထို့အတူ ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့်အင်တာနက်အဆက်အသွယ်ကောင်းစွာမရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံရေဒီယိုအစီအစဉ် မှတစ်ဆင့် ကြေညာပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here