အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍဆိုင်ရာများကို ဆွေးနွေး

0
233

အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၈ ရက်၊ နံနက်ပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ကိုယ်စား KNU/KNLA-PC ဒု-ဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် အိန္ဒိယနိုင်ငံမှပညာရှင် Professor Sudarshan Ramaswamy က အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍအား ဦးဆောင်ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် တက်ရောက်လာကြသူများက အိန္ဒိယနိုင်ငံ၏ အတွေ့အကြုံများ၊ Governor များ၏ အခန်းက ဏ္ဍနှင့်တာဝန်များ၊ နိုင်ငံတကာအတွေ့အကြုံများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေး နွေးခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒု-ဗိုလ် ချုပ်ကြီးရာပြည့်နှင့် ကော်မတီဝင်များ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာ အရာထမ်းများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar နှင့်သံရုံးမှ တာဝန်ရှိသူများ ၊ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင်သည့် NCA-S EAO (၇)ဖွဲ့ (ALP DKBA KNU/KNLA-PC LDU NMSP PNLO RCSS)တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here