အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျသူများရှိနိုင်၍ ကျောင်းအပ်လက်ခံခြင်းကို ယခုဇွန်လကုန်အထိ လုပ်ဆောင်ပေးမည်

0
99

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျသူများရှိနိုင်၍ ကျောင်းအပ်လက်ခံခြင်းကို ယခုဇွန်လကုန်အထိ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

လက်ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နေပြီဖြစ်သော်လည်း အခက်အခဲနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံမှု နောက်ကျသူများရှိနိုင်ကြောင်းနှင့် ထိုသို့ ကျောင်းအပ်နှံမှုနောက်ကျသူများ ကျောင်းလာရောက်အပ်နှံပါက ယခုဇွန်လကုန်အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများအား ဇွန်လ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ကျောင်းသူ ၆၂၂၉၃၃၇ ဦးတက်ရောက်ခဲ့ကြောင်း အခြေခံပညာဦးစီးဌာန၏ စာရင်းများအရသိရသည်။

အဆိုပါ ကျောင်းသား၊ကျောင်းသူများသည် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကိုဗစ်(၁၉)ရောဂါစည်းကမ်းချက်များအညီ တက်ရောက်သင်ကြားခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် အခြေခံ ပညာမူလတန်း၊အလယ်တန်းနှင့်အထက်တန်း ကျောင်းသား၊ကျောင်းသူများအား သင်ရိုးညွှန်းတန်းစာအုပ်များကို အခမဲ့ထုတ်ပေးကာ ကျောင်းဝတ်စုံနှင့်ဗလာစာအုပ်များကိုလည်း အခမဲ့ပေးအပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here