မြန်မာ့လက်ဝှေ့ကျော် ရာမန်နှင့် မွေထိုင်းလက်ဝှေ့ကျော် အိုလန်တို့ ယှဥ်ပြိုင်ထိုးသတ်မည့် TGL လက်ဝှေ့ပြိုင်ပွဲ ကျင်းပမည်

0
251

ခေါင်တွဲဆိုင်းအဖြစ် မြန်မာ့လက်ဝှေ့ကျော်ရာမန်နှင့် ထိုင်းနိုင်ငံသား မွေထိုင်းလက်ဝှေ့ကျော် အိုလန်တို့ ယှဥ်ပြိုင်ထိုးသတ်မည့် လက်ဝှေ့ပွဲစဥ်အပါအဝင် တွဲဆိုင်း ၁၀ ဆိုင်းပါဝင်သည့် The Great Lethwei (TGL)လက်ဝှေ့ပြိုင်ပွဲကို ဇွန်လ ၂၅ ရက်၊ မွန်းလွဲ ၂ နာရီ၌ သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ကျင်းပသွားမည်ဖြစ်သည်။

TGL ပြိုင်ပွဲ၏ ခေါင်တွဲဆိုင်းဖြစ်သည့် ရာမန်နှင့်အိုလန်တို့သည် ၇၅-၇၉ ကီလို(စူပါမစ်ဒယ်ဝိတ်တန်း)၌ ယှဥ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ပြီး ဒုတိယခေါင်တွဲဆိုင်းတွင် ထွန်းမင်းအောင်နှင့် အောင်ခိုင်တို့က ယှဥ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပွဲကြိုတွဲဆိုင်းများဖြစ်သည့် တွဲဆိုင်း(၁)တွင် အောင်ထွန်းဘိုနှင့်ဟဲကိုထူး၊ တွဲဆိုင်း(၂)တွင် သားသားနှင့်ဒေါနကျော်ကျော်၊ တွဲဆိုင်း(၃)တွင် အောင်မိုးပြည့်နှင့်ဒေါနသွေး၊ တွဲဆိုင်း(၄)တွင် စိုးမိုးဇော်နှင့်ထွန်းလင်းတို့က ယှဥ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။

ထို့အတူ တွဲဆိုင်း(၅)တွင် မင်းထက်ကျော်နှင့်ရဲသွေးအောင်၊ တွဲဆိုင်း(၆)တွင် စောဂျွန်နှင့်အာရှနဂါး၊ တွဲဆိုင်း(၇)တွင် ဖိုးလပြည့်နှင့်စူပါရေချမ်း၊ တွဲဆိုင်း(၈)တွင် စောထူးအောင်နှင့်သွေးသစ်မောင်တို့က ယှဥ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here