လားရှိုးမြို့နယ်တွင် နေအိမ်ပေါ်သို့ မြေထိန်းနံရံအုတ်တံတိုင်းပြိုကျ၍ ၄ ဦးသေဆုံး

0
160

ရှမ်းပြည်နယ်၊လားရှိုးမြို့နယ်၊ဟက်ကာကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် နေအိမ်ပေါ်သို့ မြေထိန်းနံရံအုတ်တံတိုင်းပြိုကျခဲ့မှု ဇွန် ၉ ရက်ညပိုင်းကဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ည ၁ နာရီ ၄၄ မိနစ်ခန့်က လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် နေအိမ်ပေါ်သို့ မြေထိန်းနံရံအုတ်တံတိုင်းပြိုကာ လူများပိတ်မိနေကြောင်း သတင်းအရ လားရှိုးခရိုင်မီးသတ်စခန်း၊လားရှိုးမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ပေးသောလက်လူမှုကူညီရေးအသင်း၊ကမ္ဘောဇလူမှုကူညီရေးအသင်း၊လားရှိုးလူငယ်လူမှုကူညီရေးအသင်းနှင့်တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

“မိုးကအတော်သည်းတာဗျ မိုးရွာတာများတော့မြေသားတွေပျော့ပြီး အုတ်တံတိုင်းကပြိုကျသွားတာ ဖြစ်စဥ်ကိုသိသိချင်းကူညီခဲ့ပေမယ့် အသက်ရှင်လျက်မကယ်နိုင်ခဲ့ပါဘူး သေဆုံးသွားတာက ကလေး ၃ ယောက် ယောင်္ကျားလေးတွေပါ အမျိုးသမီး ၁ ယောက်လည်းသေဆုံးသွားတယ် “ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

နေအိမ်ပေါ်သို့ မြေထိန်းနံရံအုတ်တံတိုင်းပြိုကျခဲ့မှုကြောင့် သေဆုံးသွားခဲ့သည့် အမျိုးသား(ကလေးငယ်) ၃ ဦးနှင့်အမျိုးသမီး ၁ ဦးတို့၏ ရုပ်အလောင်းများအား လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here