အီဂျစ်ရှိ ပင်လယ်နီ အပန်းဖြေမြို့နား ရေကူးနေသော ရုရှားအမျိုးသားတစ်ဦး ငါးမန်းကိုက်ခံရ၍ သေဆုံး

0
194

အီဂျစ်နိုင်ငံတွင် ငါးမန်းတစ်ကောင်၏ တိုက်ခိုက်ခံရမှုကြောင့် ရုရှားအမျိုးသားတစ်ဦး သေဆုံးသွားခဲ့ရကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်မှာ ပင်လယ်နီ အပန်းဖြေမြို့ဖြစ်သည့် ဟာဂါးဒါး၏ ကမ်းခြေအနီးတွင် ဇွန်လ ၈ ရက် ကြာသပတေးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ခဲ့သော ငါးမန်းမှာ ကျားငါးမန်းမျိုး ဖြစ်သည်ဟု အီဂျစ် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက ဆိုသည်။ သို့ရာတွင် ဖြစ်ပျက်ပုံနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပေ။

သို့သော် ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့လာသော ဗီဒီယိုအရ အဆိုပါ ငါးမန်းသည် ရေကူးနေသော ရုရှားအမျိုးသားအား စတင်မတိုက်ခိုက်မီ အနီးနားကပ်လာပြီး အနားတစ်ဝိုက် လှည့်ပတ်နေခဲ့သည်။ ထိုအမျိုးသားလည်း ငါးမန်းကို သတိထားမိ၍ လွတ်လိုလွတ်ငြား ရေကူးပြေးသော်လည်း ငါးမန်းက ဖမ်းမိသွားပြီး ရေအောက်ထဲသို့ ဆွဲခေါ်သွားခဲ့သည်။ ငါးမန်းရုပ်ရှင်ကားများထဲမှ ဇာတ်ဝင်ခန်း တစ်ခန်းကဲ့သို့ပင် ဖြစ်သည်။လူအချို့သည် ထိုအမျိုးသားကို ကယ်ဆယ်ရန် အပြေးသွားခဲ့သော်လည်း အချိန်မီ မရောက်ရှိခဲ့ပေ။

လက်ရှိတွင်မူ အီဂျစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် အဆိုပါ ငါးမန်းကို ဖမ်းမိထားပြီး ယင်းကဲ့သို့ ရှားရှားပါးပါး တိုက်ခိုက်ရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သည်ဂါးဒီးယန်း သတင်းဌာနက ဖော်ပြထားသည်။

ရုရှားဘက်ကမူ အမည်ဖော်ပြထားခြင်းမရှိဘဲ ထိုအမျိုးသားသည် ၁၉၉၉ ခုနှစ်တွင် မွေးဖွားခဲ့သော ရုရှားနိုင်ငံသားဖြစ်ပြီး အီဂျစ်၌ အချိန်ပြည့် နေထိုင်သူသာ ဖြစ်ကြောင်း ပြောပြထားသည်။

Source: အင်န်ဒီတီဗွီ


LEAVE A REPLY

Please enter your comment!
Please enter your name here