CB Bank ၏ ATM စက်များတွင် ငွေသားထုတ်ယူနိုင်မှု တစ်ရက်လျှင် ကျပ် ၁၀သိန်းအထိ တိုးမြှင့်သတ်မှတ်

0
264

CB Bank ၏ ATM စက်များတွင် ငွေသားထုတ်ယူနိုင်သည့် ပမာဏကို ဇွန်လ ၁၂ ရက်နေ့မှစပြီး တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဇွန်လ ၉ ရက်၊ ညပိုင်းက CB Bank မှ အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ CB Bank ၏ ATM စက်များတွင် ငွေသားထုတ်ယူနိုင်မှု ပမာဏ တိုးမြှင့်သတ်မှတ်လိုက်ကြောင်းကို ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

Old account ဖြစ်စေ၊ Special account ဖြစ်စေ CB Bank ၏ ATM စက်များတွင် B-MPU Card များဖြင့် တစ်ရက်လျှင် ကျပ် ၁၀သိန်းအထိ ငွေသားထုတ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် ယင်းအပြင် အခြားဘဏ်များ၏ MPU Card များဖြင့်လည်း ငွေသားထုတ်ယူနိုင်ပြီး ထုတ်ယူမည့်ပမာဏမှာ သက်ဆိုင်ရာဘဏ်၏ သတ်မှတ်ချက်အပေါ်တွင် မူတည်ကြောင်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here