မန္တလေးတိုင်းရှိ ရွှေဆိုင်များနှင့်ရွှေသန့်စင်ခြင်းလုပ်ငန်းများတွင် တရားမဝင်လုပ်ငန်းများ စစ်ဆေးတွေ့ရှိ​နေ

0
224

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်များနှင့် ရွှေသန့်စင်ခြင်းလုပ်ငန်းများကို စစ်ဆေးခဲ့ရာတွင် တရားမဝင်ရွှေတင်သွင်း/တင်ပို့ခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်ခြင်းလုပ်ငန်းများ လုပ်ကိုင်သည့် အထောက်အထားများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

ရွေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့် ထိန်းသိမ်း ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့်ဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည် ဇွန်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ရွှေဆိုင်များနှင့် ရွှေသန့်စင်ခြင်းလုပ်ငန်းများကို စစ်ဆေးခဲ့ရာတွင် အထက်ပါအတိုင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရွှေဆိုင်နှင့် ရွှေသန့်စင်ခြင်းလုပ်ငန်းကို ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းလုပ်ငန်းများနှင့် ဆက်စပ်နေခြင်းရှိ၊မရှိကို စစ်ဆေးနေကြောင်း သိရသည်။

တရားမဝင်ရွှေဈေးကစားပြီး မဟုတ်မမှန်သောနည်းလမ်းဖြင့် အကျိုးအမြတ်ရယူရန် ဆောင်ရွက်ခြင်းများ၊ တရားမဝင်နိုင်ငံခြားငွေလဲလှယ်ခြင်း၊တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းတို့ကို ဆက်လက်ရှာဖွေဖော်ထုတ်ကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ဆက်စပ်ဥပဒေပြဌာန်းချက်များနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ သိရသည်။

ပြီးခဲ့သည့်မေလမှစတင်ကာ ပြင်ပရွေဈေးကွက်အတွင် ရွှေဈေးနှုန်းမှာ သိန်း ၃၀ အထက်တွင်ရှိနေပြီး ငွေကြေးဈေးကွက်အတွင်းမှာလည်း တစ်ဒေါ်လာ ၃၀၀၀ နီးပါးအထိဈေးမြင့်တက်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here