နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် MRFနှင့် PITC တို့ Memorandum Of Agreement –MOA လက်မှတ်ရေးထိုး

0
122

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)နှင့် ဖိလစ်ပိုင် နိုင်ငံတကာ ကုန်သွယ်ရေး ကော်ပိုရေးရှင်း (PITC)တို့သည် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန်အတွက် Memorandum Of Agreement –MOA လက်မှတ်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ရေးထိုးခဲ့သည်။

နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန်နှင့် ပုဂ္ဂလိက ကဏ္ဍဖွံဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်ရန်၊ အာဆီယံ စီးပွားရေးရပ်ဝန်းအတွင်း လုပ်ငန်းရှင်များအကြား ဆက်ဆံရေးကိုလည်း တိုးမြှင့်နိုင်ရန်အတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဖိလစ်ပိုင်နိုင်ငံခရီးစဉ် ထုတ်ပြန်ချက်အရ သိရသည်။

ကုန်သွယ်မှု အခွင့်အလမ်းများ တိုးမြှင့်နိုင်ရန်၊ အဖွဲအစည်းများ အချင်းချင်း ဆက်သွယ်ရေး တိုးမြှင့်နိုင်ရန်၊ ဈေးကွက် သတင်းအချက်အလက်များကို အချင်းချင်း ဖလှယ်နိုင်ရန်အတွက်လည်း ညှိနှိုင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း တို့ကို ဝယ်ယူနေသည့် ဖိလစ်ပိုင်နိုင်ငံမှ ကုမ္ပဏီ ၈ ခု နှင့်လည်း သီးခြားတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များကို တရုတ်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ ရိုမေးနီးယား၊ စပိန်၊ ပိုလန်၊ နယ်သာလန် နှင့် အခြားသော နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here