ရာသီဥတု အခြေအနေကြောင့် ရွှေပြည်တန် အမြန်ရေ ယာဉ်ပြေးဆွဲမှု တစ်ပတ်ကြာ ရပ်နားမည်

0
118

ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်မှ ခရီးစဉ်များကို ရာသီဥတုအခြေအနေကြောင့် တစ်ပတ်ခန့်ကြာ ရပ်နားသွားမည်ဖြစ်ကြောင်း အဆိုပါ ရေယာဉ်လိုင်းမှ အသိပေးကြေညာထားသည်။

ယခုရက်ပိုင်းအတွင်း ရာသီဥတုမငြိမ်မသက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ဇွန်လ ၈ ရက်မှ စတင်ကာ ရွှေပြည်တန်အမြန်ရေယာဉ်လိုင်း ပြေးဆွဲပေးမှုကို တစ်ပတ်ခန့် ရပ်နားထားခြင်းဖြစ်သည်။

ရွှေပြည်တန်ရေယာဉ်လိုင်းအနေဖြင့် ပြေးဆွဲပေးမှုရပ်နားသည့် ခရီးစဉ်မှာ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက် နီမော်၊ တောင်ကုတ်ခရီးစဉ်နှင့် တောင်ကုတ် – မာန်အောင် ခရီးစဉ်များကို ခဏရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ ၊ ကျောက်နီမော် ၊ တောင်ကုတ် ၊ ခရီးစဉ်နဲ့ တောင်ကုတ်-မာန်အောင် ခရီးစဉ်များ ပြန်လည်ပြေးဆွဲမည့်ရက်ကို ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်းလည်း ရွှေပြည်တန်ရေယာဉ်လိုင်းမှ ထပ်မံအသိပေးထားသည်။

ရခိုင်ပြည်နယ်အတွင်း ရေကြောင်းခရီးစဉ်များ ပြေးဆွဲပေးနေသည့် ရွှေပြည်တန်ရေယာဉ်လိုင်းအနေဖြင့် ပြီးခဲ့သည့် မေလ ၁၂ ရက်က မိုခါမုန်တိုင်းကြောင့် ခရီးစဉ်များကို ရပ်နားထားခဲ့ပြီး မေလ ၂၂ ရက်တွင် ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်လည်း မုန်တိုင်းအန္တရာယ်ဖြစ်နိုင်မည့် ရာသီဥတုအခြေအနေများကြောင့် ရေယာဉ်လိုင်းပြေးဆွဲမှုကို ခေတ္တရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here