စီးပွားရေးပညာရပ်ကို သင်ကြားနေသလို အနုပညာအလုပ်တွေကိုလည်း လုပ်ဖြစ်နေတဲ့ ဟန်သီ

0
121

hanthi

အမေရိကမှာ သရုပ်ဆောင်ပညာကို သင်ကြားလာတဲ့ ဟန်သီက ဒါရိုက်တာကျော်ဇောလင်း ရိုက်ကူးတဲ့ “အလွမ်းဒဏ္ဍာရီ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပြီး ဒီဇာတ်ကားကတော့ သရုပ်ဆောင် အနေနဲ့ ပထမဦးဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ အရင်တုန်းက ဇာတ်ကားတွေ လာကမ်းလှမ်းခဲ့ပေမယ့်လက်မခံဖြစ်ခဲ့တဲ့ ဟန်သီကို အခုဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်ပုံကိုမေးတော့…

” အစတုန်းက ဇာတ်ကားတွေ အများကြီး လာကမ်းလှမ်းတာရှိပါတယ်။ ဒါပေမဲ့ အဲဒီထဲကမှ ဒီဇာတ်ကားက ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်တယ်။ ပြီးတော့ သူ့ရဲ့ ဇာတ်ရုပ်ကိုလည်း ကြိုက်တယ်။ ဇာတ်လမ်းဆင်ထားတဲ့ ပုံစံက ဟန်သီ့ပုံစံနဲ့လိုက်တယ်။ ဟန်သီလည်း လုပ်နိုင်မယ်ထင်တယ်။ ကိုယ်ကြိုက်တဲ့ ဒရာမာဇာတ်ကားဆိုတော့လည်း သဘောကျတယ်။ ကိုယ်ကိုယ်တိုင်လည်း ဒီလို ပုံစံမျိုး ရိုက်ကူးချင်နေတာဆိုတော့ ကိုယ့်အိပ်မက်က အကောင်အထည်ပေါ်သွားတာပေါ့” လို့ပြောပါတယ်။ အမေရိကမှာလည်း သရုပ်ဆောင်ပညာကို သင်ကြားထားတာဖြစ်တဲ့အတွက် ဒီပညာတွေကိုလည်း အကောင်းဆုံး အသုံးချသွားမှာဖြစ်ကြောင်းကိုလည်းဟန်သီက ..

” တအားစိတ်လှုပ်ရှားပါတယ်။ ဟိုမှာလည်း Acting ပညာသင်လာတယ်။ ကိုယ်ကိုယ်တိုင်လည်း အများကြီးကြိုးစားရမယ်။ ပြီးတော့ ဟိုမှာသင်လာတာ တွေကိုလည်း အများကြီးအသုံးချရမယ်။ ပရိသတ်တွေကလည်း အများကြီး မျှော်မှန်းထားတာဆိုတော့ တအားလည်း ကြောက်နေတယ်။ အများကြီး ကြိုး စားဖို့ ပြင်ဆင်နေပါတယ်။ အင်္ကျီကအစ မေမေကိုယ်တိုင် တစ်ထည်ချင်းစီ ကိုယ့်ပုံစံနဲ့လိုက်အောင်၊ ကာရိုက်တာဝင်အောင် လုပ်ပါတယ်။ ဇာတ်လမ်း အကျဉ်းကိုလည်း သေချာကြိုဖတ်ထားတယ်။ ကိုယ်လုပ်ရမယ့် ဇာတ်ဝင်ခန်း တိုင်းကှိုအမသညါ ဖြစ်အောင် ကြိုးစားမှာပါ” လို့ပြောပါတယ်။ ဟန်သီက စီးပွားရေး ပညာရပ်ကိုလည်း ဆက်လက် သင်ကြားနေသလို ကျောင်းတစ်ဖက် နဲ့ပဲ အနုပညာအလုပ်တွေကို လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here