အပူချိန်မြင့်မားမှုကြောင့် ဟောင်ကောင်ဆိပ်ကမ်းရောက်နေသည့် ဘဲရုပ်ကြီးနှစ်ရုပ်အနက်တစ်ရုပ်အားလေလျှော့လိုက်ရ

0
274

ဟောင်ကောင်၊ဇွန် ၁၀

ဟောင်ကောင်ရှိဗစ်တိုးရီးယားဆိပ်ကမ်း၌ ရောက်ရှိနေသည့် အထင်ကရဘဲရုပ်ကြီးနှစ်ရုပ်အနက်တစ်ရုပ်အား အပူဒဏ်မှကာကွယ်နိုင်ရန် လေလျှော့ထားလိုက်ရကြောင်းသိရသည်။

အဆိုပါဘဲရုပ်နှစ်ရုပ်အနက်တစ်ရုပ်သည် ‌၂၀၁၃ ခုနှစ်ကလည်း ဟောင်ကောင်သို့လာရောက်ခဲ့ဖူးကာ ကျန်တစ်ရုပ်မှာယခုတစ်‌ခေါက်မှပါလာခြင်းဖြစ်ပြီး သောကြာနေ့ကမှ ဟောင်ကောင်သို့ရောက်ရှိလာခြင်းဖြစ်သည်ဟုလည်းသိရသည်။

အဆိုပါအရုပ်နှစ်ရုပ်၏ဖန်တီးသူ ဒတ်ခ်ျလူမျိုးပညာရှင်ကမူ ယခုတစ်ကြိမ်လာရောက်ကာ အရုပ်နှစ်ရုပ်ထားရှိခြင်းသည် ကံကောင်းမှုနှစ်ဆမြင့်တက်စေမည်ဟုလည်းယူဆထားသည်ဟုဆိုခဲ့သည်။

ဗစ်တိုးရီးယားဆိပ်ကမ်းသို့လာရောက်သည့်ဧည့်သည်တစ်ဦးကမူ အရုပ်နှစ်ရုပ်လုံးနှင့်ဓာတ်ပုံတွဲရိုက်ချင်သော်လည်း ယခုကဲ့သို့သော ဖြစ်ရပ်နှင့်ကြုံတွေ့ရသည့်အတွက် စိတ်မကောင်းဖြစ်ရသည်ဟုဆိုခဲ့သည်။

အရုပ်များရောက်ရှိလာသည့်ရက်က ဟောင်ကောင်အပူချိန်သည် ၃၃ ဒီဂရီဆဲလ်စီးယပ်စ်အထိရှိနေသဖြင့် ဘဲရုပ်မှာအပူချိန်မခံနိုင်သဖြင့်လေလျှော့ပေးလိုက်ရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာကပြောကြားခဲ့သည်။

အဆိုပါဘဲရုပ်လေးနှစ်ရုပ်သည် ဟောင်ကောင်ဆိပ်ကမ်း၌ နှစ်ပတ်ကြာရှိနေမည်ဖြစ်ကြောင်းလည်းသိရသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here