ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးခြံနှင့် အင်းစိန်ဖော့ကန်ဈေးအနီးမှ သိန်း (၇) ထောင်ဝန်းကျင် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

0
313

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးခြံနှင့် အင်းစိန်မြို့နယ် ဖော့ကန်ဈေးအနီးတွင် ငွေကျပ်သိန်း ၆၈၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ ဒသမ ၈ သိန်းပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၆) ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ် ၊ ဖော့ကန်ဈေးအနီးတွင် ငြိမ်းချမ်းအောင်(ခ) တူးတူးအား ရေခဲဖော့ပုံးနှင့် အတူတွေ့ရှိရသဖြင့် ရှာဖွေစစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းအောင်(ခ)တူးတူးနှင့်အတူတွေ့ရသည့် ရေခဲဖော့ပုံးများအား စစ်ဆေးခဲ့ရာ ဖော့ပုံးများအတွင်းမှ စိတ်ကြွဆေးပြား ၁ ဒသမ ၅ သိန်းပြားအား ဖမ်းဆီးရမိခဲ့သဖြင့်စစ်ဆေးရာ ယင်းစိတ်ကြွဆေးပြားများအား မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးခြံရှိ စိုင်းဇော်မင်းဦး(ခ)ကိုစိုင်းထံမှ ရရှိကြောင်း ထွက်ဆိုချက်အရ ၎င်းနေထိုင်သည့် အဆောက်အဦအား ညနေ (၅) နာရီ၌ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ အဆောက်အဦအတွင်းမှ စိတ်ကြွဆေးပြား ၅ ဒသမ ၃ သိန်းပြားအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ(၂) ဦးအား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here