အာဆီယံက မြန်မာသို့ပေးပို့မည့် ကယ်ဆယ်ရေး ပစ္စည်းနောက်ဆုံးနှစ်သုတ်ကို ပေးပို့ရန်စီစဉ်နေ

0
148

ဖနွမ်းပင်၊ဇွန် ၁၁

အာဆီယံသဘာဝဘေးနှင့်လူသားချင်းစာနာ‌ထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရေးပူးပေါင်းဆောင်ရွက်မှုစင်တာ (AHA) သည် မြန်မာနိုင်ငံသို့ပေးပို့ရန်ကျန်နေသေးသည့် ကယ်ဆယ်ရေး ပစ္စည်းများအား ဇွန်လ ၁၆ ရက်မှ ၂၂ ရက်အတွင်း ရေကြောင်းမှပေးပို့သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် မြန်မာနိုင်ငံ၌အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ခြင်းသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုကိုထင်ဟပ်စေသည်ဟုလည်းဆိုသည်။

စားနပ် ရိက္ခာမဟုတ်သော ပစ္စည်းများ၊ရေနှင့် မိလ္လာသန့်ရှင်းရေးကိရိယာများပါဝင်သည့် ကယ်ဆယ်ရေးပစ္စည်းများသည် ဇွန်လ ၂၀ ရက်နှင့် ၂၇ ရက်တို့တွင် မြန်မာနိုင်ငံသို့ရောက်ရှိရန် မျှော်လင့်ကြောင်း အာဆီယံဥက္ကဋ္ဌ၏ သတင်းထုတ်ပြန်ချက် အရသိရသည်။

အာဆီယံ၏ ကယ်ဆယ်ရေး ပစ္စည်းပထမအသုတ်သည် မေလ ၂၁ ရက်နေ့ကမြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ဇွန်လ ၂ ရက်အထိ AHA က စစ်တွေ၊ရသေ့တောင်၊ကျောက်တော်နှင့်ပုဏ္ဏားကျွန်းမြို့များသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။

ဒေါ်လာ ၁ ဒသမ ၆၄ သန်းတန်ဖိုးရှိသော အာဆီယံ၏ လူသားချင်းစာနာမှုအထောက်အကူပြုပစ္စည်းများတွင် အစားအစာမဟုတ်သောပစ္စည်းများဖြစ်သည့် အရေးပေါ်ခိုလှုံရန် နေအိမ်များနှင့် ရေသန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာကိရိယာများပါဝင်သည်ဟုလည်းသိရှိရသည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here