ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်ကစားသမား ၂၅ ဦးစာရင်းထုတ်ပြန်

0
208

AFC Futsal Asian Cup 2024 ခြေစစ်ပွဲစဉ်များ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနည်းပြချုပ် Mr. BunLert CharaWong မှ ပဏာမ မြန်မာ့လက်ရွေးစင်ကစားသမား ၂၅ ဦးစာရင်းအား ဇွန် ၁၁ ရက်(ယနေ့) တွင်ထုတ်ပြန်ခဲ့သည်။

ပဏာမ မြန်မာ့လက်ရွေးစင်ဖူဆယ်ကစားသမားများအား MFF RHINO Futsal League 2022 ပြိုင်ပွဲနှင့် MFF Fit Futsal League II 2022 ပြိုင်ပွဲဝင်အသင်းများမှ ကစားသမားများကို ရွေးချယ်ထားခြင်းဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း၌ ဂိုး-ကျော်ထက်အောင်၊ညီညီသန့်(MIU FC)၊ဇွဲပြည့်စုံ(VUC FC)၊အောင်ကိုကို(Dream Team FC)၊ နောက်တန်း-ရှိုင်းထက်အောင်(Futsal Chit Thu)၊မင်းခန့်(MIU FC)၊လပိုင်ဇော်လွန်း(Red Eagle FC)၊ဝေဇင်ဦး၊မျိုးမြင့်စိုး(VUC FC)၊ အလယ်တန်း-ဇော်လင်းထက်၊အောင်မြင့်မြတ်ဇော်၊ဟင်္သာ၊ထွန်းမင်းလှိုင်(MFF U18 Team)၊ပြည့်စုံအောင်(Generation FC)၊မျိုးသက်အောင်၊ကိုကိုလွင်(MIU FC)၊ထွဋ်ဝေထွန်း၊ငြိမ်းမင်းစိုး(VUC FC)၊ညီညီစိုး(Dream Team FC)၊ ရှေ့တန်း-ကို Rizza ၊လှိုင်မင်းထွန်း (MIU FC)၊အောင်ဇင်ဦး၊နိုင်လင်းကျော်(VUC FC)၊ဇော်ဖြိုးဦး(Generation FC)၊သက်နောင်(Dream Team FC) တို့အားရွေးချယ်ထားသည်။

ရွေးချယ်ခံထားရသည့် ပဏာမ မြန်မာ့လက်ရွေးစင်ကစားသမားများသည် အုပ်ချုပ်မှုအဖွဲ့ဝင် (၁၀)ဦးနှင့်အတူ ဇွန် ၁၉ ရက်မှစတင်၍ မြန်မာ့လက်ရွေးစင်ကစားသမားများအဆောင်တွင် စခန်းသွင်းလေ့ကျင့်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲစဉ်များအတွက် မဲအိုးခွဲဝေမှုတွင် မဲအိုးနံပါတ်(၂)တွင်ကျရောက်လျက်ရှိပြီး ခြေစစ်ပွဲမဲခွဲမှုအား ဇွန် ၂၂ ရက်တွင်ကျင်းပသွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း၏ အုပ်ချုပ်နည်းပြအဖွဲ့ဝင်များမှာ အဖွဲ့ခေါင်းဆောင် ဒေါက်တာရဲမွန်ထွဋ်၊အသင်းမန်နေဂျာ ဦးရဲဝင်းထွန်း၊နည်းပြချုပ် Mr. BunLert CharaWong၊ လက်ထောက်နည်းပြများအဖြစ် ဦးဌေးမြင့်၊ဦးဇော်ရဲမောင်(VUC FC)၊ဦးမောင်မောင်လွင်(MIU FC)၊ဂိုးနည်းပြ ဦးထွန်းထွန်းလတ်(MIU FC)၊ကြံ့ခိုင်ရေးနည်းပြ Mr. Tawan Wutti ၊အကြောကျွမ်းကျင် ဦးအောင်အောင်၊ပြန်ကြားရေးအရာရှိ ဦးညီညီမိုယ်းအောင်တို့ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here