ယူကရိန်းစစ်တပ်သည် ၎င်း၏ Leopard 2R ထိုးဖောက်ရေးယာဉ်များ၏ တစ်ဝက်ကို ဆုံးရှုံးခဲ့ပြီးဖြစ်

0
160

ယူကရိန်းစစ်တပ်သည် ၎င်း၏ထူးခြားသော Leopard 2R ထိုးဖောက်ရေးယာဉ်များအနက် တစ်ဝက်ကို ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း Forbes မဂ္ဂဇင်းကြီး၏ သတင်းတွင် ဖော်ပြထားသည်။ Leopard 2R ဆိုသည်မှာ ဒီဇယ်စွမ်းအင်သုံး Leopard 2A4 ၆၉ တန် တင့်ကားကို ဖင်လန်ကုမ္ပဏီ Patria က ထိုးဖောက်ရေးယာဉ်အဖြစ် ပြောင်းလဲထားသော အထူးယာဉ်များဖြစ်သည်။

ယူကရိန်း၏ ၂၀၂၃ တန်ပြန်ထိုးစစ်တွင် အမှတ် ၃၃ နှင့် အမှတ် ၄၇ ချေမှုန်းရေးတပ်မများ၏ အင်ဂျင်နီယာတပ်ရင်းများသည် ပြီးခဲ့သည့်အပတ်အတွင်း Mala Tokmachka တောင်ဘက်ပိုင်းဒေသ စစ်ဆင်ရေး၌ ယင်းတို့၏ စက်ယန္တရားကြီးများကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ဆုံးရှုံးမှုများတွင် တပ်ရင်း၏ အထူးပြုအင်ဂျင်နီယာယာဉ်ငါးစီး ပါဝင်သည်။

မိုင်းထယ်များနှင့် မိုင်းဖော်ကိရိယာများ တပ်ဆင်ထားသော အဆိုပါယာဉ်များသည် တင့်ကားများနှင့် ခြေလျင်တိုက်ခိုက်ရေးယာဉ်များကို မိုင်းကွင်းများအတွင်း ဦးဆောင်ကာ၊ လမ်းကြောင်းတစ်လျှောက်ရှိ မြေမြှုပ်မိုင်းများကို ထယ်ဖြင့်ထိုးရင်း ချီတက်စဉ် ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့်ကြာသပတေးနေ့ဝန်းကျင်က အထူးယာဉ်အမြောက်အမြား ဆုံးရှုံးရခြင်းသည် Mala Tokmachka အနီးရှိ ရုရှားတပ်များကို တိုက်ခိုက်မှုတွင် မအောင်မြင်ဟု မဆိုလိုကြောင်း ယူကရိန်းစက်ဖက်တာဝန်ရှိသူများကပြောသည်။ ရန်သူခံတပ်များကို ထိုးဖောက်ခြင်းသည် မြေပြင်စစ်ပွဲတွင် အခက်ခဲဆုံးနှင့် ကုန်ကျစရိတ်အများဆုံး စစ်ဆင်ရေးများထဲမှ တစ်ခုဖြစ်ကြောင်း ယင်းတို့ကဆိုသည်။

တစ်ပတ်အတွင်း ပြင်းထန်သောတိုက်ပွဲများ ယူကရိန်းတပ်မဟာ ၄၇ ချေမှုန်းရေးတပ်မသည် ၎င်း၏ ဖင်လန်နိုင်ငံလုပ် Leopard 2R အကောင်းဆုံး ထိုးဖောက်ရေးယာဉ် ခြောက်စီးထဲမှ သုံးစီးကို စွန့်လွှတ်ခဲ့ရသည်။ အခြားအတည်ပြုထားသော ယူကရိန်းဆုံးရှုံးမှုများတွင် ဆိုဗီယက်စတိုင် IMR-2 အင်ဂျင်နီယာယာဉ်နှင့် ဂျာမန်လုပ် Bergepanzer တို့ ပါဝင်ကြောင်းသိရသည်။

အကောင်းဆုံး တပ်ဆင်ထားပြီး အကောင်းဆုံး လေ့ကျင့်ထားသော တပ်များသည်ပင် ရန်သူခံစစ်ကို ထိုးဖောက်သည့်အခါ မိမိတို့ချေမှုန်းရေး အင်အား၏ ထက်ဝက်ခန့် ဆုံးရှုံးလေ့ရှိသဖြင့် ယခုကဲ့သို့ဆုံးရှုံးရန်ကိုလည်း မိမိတို့ဖက်က မျှော်လင့်ထားပြီးဖြစ်ရာ ဆုံးရှုံးမှုများနှင့်ပတ်သက်၍ အထူးပြောဖွယ်ရာမရှိကြောင်း ယူကရိန်းစစ်ဖက်တာဝန်ရှိသူများကပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here