“မိုခါ” မုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံသားများအတွက် အိန္ဒိယနိုင်ငံရှိ Indo-Myanmar Friendship Association များမှ အလှူငွေများလှူဒါန်း

0
151

“မိုခါ”မုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံသားများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အိန္ဒိယနိုင်ငံရှိ Indo-Myanmar Friendship Association မှ ဇွန် (၁၁) ရက်က အလှူငွေများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် Prof. Mr. Ranganathan.J (Indo-Myanmar Friendship Association Chennai Chapter)က အမေရိကန်ဒေါ်လာ(၂၀၀၀)၊ Adv. Mohanrao N. Pimple (Indo-Myanmar Friendship Association Mumbai Chapter)မှ အမေရိကန်ဒေါ်လာ(၂၃၀၀) တို့အားပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ပေးအပ်လှူဒါန်းသည့် အလှူငွေများအား နယူးဒေလီမြို့၊မြန်မာသံရုံးမှ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က လက်ခံရယူကာ ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လိုအပ်ချက်များကို ပံ့ပိုးကူညီပေး၍ မြန်မာအစိုးရ ကိုယ်စား ကျေးဇူးတင်ကာ အလှူငွေများကို မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်းပေးသွားမည်ဟု မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here