နှစ်လအတွင်း ပြည်ပသို့ ရေထွက်ကုန် တန်ချိန် ၄၁၀၀၀ ကျော်တင်ပို့ထား

0
145

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ မေလအတွင်း ပြည်ပသို့ ရေထွက်ကုန်တန်ချိန် ၄၁၀၀၀ ကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၇၃ ဒဿမ ၆၄ သန်းကျော် ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးညွန့်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုတွင် ငါး၊ ပုဇွန်နှင့် အခြားရေထွက်ကုန်ဟူ၍ ခွဲခြားထားပြီး ရေချို၊ ရေငန်၊ မွေးမြူရေးငါးအစုံ တင်ပို့လျက်ရှိပြီး ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁ သန်းကျော်၊ ပုဇွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၆၈ သန်းနှင့် ငါး၊ ပုဇွန်မဟုတ်သည့် အခြားရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒဿမ ၂၄ သန်းရရှိထားခြင်း ဖြစ်သည်။

ထို့ပြင် ပင်လယ်ရေကြောင်းတင်ပို့မှုမှ အမေရိကန်ဒေါ် လာ ၄၉ ဒဿမ ၄ သန်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနှင့်တရုတ်သို့ နယ်စပ်မှတင်ပို့မှုတွင် မူဆယ်နယ်စပ်ဂိတ်မှ ကန်ဒေါ်လာ ၁၅ သန်း၊ မြဝတီမှ ကန်ဒေါ်လာ ၀ ဒဿမ ၇၅ သန်း၊ ကော့သောင်းမှ ကန်ဒေါ်လာ ၃ ဒသမ ၂ သန်း၊ မြိတ်မှ ကန်ဒေါ်လာ ၁ ဒဿမ ၈သန်း၊ မောင်တောမှ ကန်ဒေါ်လာ ၀ ဒဿမ ၈သန်း၊ မောတောင်မှ ၁ ဒဿမ ၀၄ သန်းနှင့် ကျိုင်းလတ်မှ ကန်ဒေါ်လာ ၃ ဒဿမ ၇၃ သန်း တင်ပို့ထားကြောင်းသိရသည်။

မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here