ယူကရိန်းတပ်ဖွဲ့သည် Zaporozhye ဒေသတွင် ၎င်း၏ အမေရိကန်လုပ် Bradley တိုက်ခိုက်ရေးယာဉ်များ ဆုံးရှုံးလိုက်ရဟု AFP ဆို

0
194

Zaporozhye ဒေသတွင် တန်ပြန်ထိုးစစ်ဆင်နေစဉ်အတွင်း ယူကရိန်းစစ်တပ်တပ်ဖွဲ့တစ်ခုသည် ၎င်း၏အမေရိကန်လုပ် Bradley တိုက်ခိုက်ရေးယာဉ်များ (BFVs)များဆုံးရှုံးခဲ့ကြောင်း AFP သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

Orekhovo မြို့အနီးတိုက်ပွဲတွင် အဆိုပါတိုက်ခိုက်ရေးယာဉ်များ ချေမှုန်းခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုထားသည်။ ထို့ကြောင့် ရုရှားတို့ကို တန်ပြန်တိုက်ခိုက်မည်ဟု ယူကရိန်းခြေလျင်တပ်များက ကတိပြုခဲ့ကြောင်းသိရသည်။

တန်ပြန်ထိုးစစ်၏ရလဒ်များနှင့်ပတ်သက်၍ ကြီးမားသောတိုးတက်မှုမရှိဟု ယူကရိန်းစစ်သားတစ်ဦးက AFP ၏မေးခွန်းကို ပြန်လည်ဖြေကြားသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်း၏ တန်ပြန်ထိုးစစ်စတင်မှုကို သတင်းထောက်များအား သောကြာနေ့က အတည်ပြုပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးသည် ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ယူကရိန်း၏ တန်ပြန်ထိုးစစ်နှင့်ပတ်သက်၍ မေးခွန်းကို အတိအကျပြန်လည်မဖြေကြားခဲ့ကြောင်း သိရသည်။

ယူကရိန်းတပ်ဖွဲ့များသည် Donetsk တောင်ဘက်နှင့် Zaporozhye ဧရိယာ၌ ၂၄ နာရီအတွင်း Leopard တင့်ကားလေးစီးနှင့် Bradleyတင့်ကားများ အပါအဝင် မြေပြင်တိုက်ခိုက်ရေးယာဉ် ၁၁ စီးဆုံးရှုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၁၀ ရက်က သတင်းထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here