သထုံရွှေစာရံစေတီဝင်းအတွင်း ညောင်ကိုင်းကျိုးကျ၍ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်၊ထီးတော်နှင့်ကိုယ်လုံးတော်ပျက်စီး

0
153

မွန်ပြည်နယ်၊သထုံမြို့တွင် ဇွန် ၁၂ ရက်နေ့လည်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေအနည်းငယ်တိုက်ခတ်မှုကြောင့် သထုံရွှေစာရံစေတီတော်ဝင်းအတွင်းရှိ ညောင်ပင်မှညောင်ကိုင်းကျိုးကျခဲ့ကြောင်း သိရသည်။

ညောင်ကိုင်းကျိုးကျမှုကြောင့် သထုံရွှေစာရံစေတီတော်၊စနေထောင့်ရှိ ဥာဏ်တော်အမြင့် ၂၇ တောင်ရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်၊ထီးတော်နှင့်ကိုယ်လုံးတော်တို့ပျက်စီးခဲ့ကြောင်း သိရသည်။

“ညောင်ကိုင်းက စေတီတော်ပေါ်ကိုကျသွားတာဆိုတော့ စေတီကပျက်စီးသွားသလို ခြင်္သေ့ရုပ်ထုတစ်ခုရဲ့ ဦးခေါင်းလည်းပျက်စီးသွားတယ်”ဟု သထုံမြို့ခံတစ်ဦးကပြောသည်။

ကျိုးကျခဲ့သည့် ညောင်ကိုင်းအား မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းဝင်များ၊တာဝန်ရှိသူများနှင့်စေတီတော်အနီးနေသူများက ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here