၁၇ ကြိမ်မြောက်အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာက ရွှေ(၁)ဆု၊ ငွေ(၃)ဆုနှင့် ကြေး(၃)ဆုရရှိခဲ့

0
180

အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန် (Batam) မြို့၌ ဇွန်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ကျင်းပခဲ့သည့် ၁၇ ကြိမ်မြောက်အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ (17th Southeast Asia Bodybuilding & Physique Sports Championships )တွင် မြန်မာက ရွှေ(၁)ဆု၊ ငွေ(၃)ဆုနှင့် ကြေး(၃)ဆုရရှိခဲ့ကြောင်း သိရသည်။

မြန်မာကာယဗလအားကစားအဖွဲ့သည် ၁၇ ကြိမ်မြောက်အရှေ့တောင်အာရှ ကာယဗလ နှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ခဲ့ရာတွင် Men’s Athletic Physique ၁၇၅ စင်တီမီတာ ပြိုင်ပွဲ၌ ငြိမ်းချမ်းက ပထမဆု၊ Men’s Athletic Physique ၁၆၅ စင်တီမီတာ ပြိုင်ပွဲ၌ ဟိန်းထက်ဇော်က တတိယဆု၊ Women’s Model Physique ၁၆၀ စင်တီမီတာပြိုင်ပွဲ၌ မီမီကျော်နိုင်က ဒုတိယဆု၊ Mixed Pair ပြိုင်ပွဲ၌ ဟိန်းထက်ဇော်နှင့်မီမီကျော်နိုင်တို့အတွဲက တတိယဆု၊ ၅၅ ကီလိုတန်းပြိုင်ပွဲ၌ ပြည့်ဖြိုးက ဒုတိယဆု၊ ၈၀ ကီလိုတန်းပြိုင်ပွဲ၌ အောင်သန်းဌေးက ဒုတိယဆု၊ ၈၅ ကီလိုတန်းပြိုင်ပွဲ၌ဟိန်းထက်ကျော်က တတိယဆု အသီးသီးရရှိခဲ့ရာ စုစုပေါင်း ရွှေ(၁)ဆု၊ ငွေ(၃)ဆု၊ ကြေး(၃)ဆု စုစုပေါင်း (၇) ဆုရရှိခဲ့သည်။

အောင်ပွဲရ မြန်မာ့ကာယဗလအားကစားအဖွဲ့ ယမန်နေ့ညနေ ၃ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိလာရာမြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဌ(ဒုတိယမြို့တော်ဝန်)ဦးညီညီ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှုးဦးညွန့်ဖေ၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီးဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ နှင့် ပြည်သူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌  ကြိုဆိုခဲ့ကြသည်။

မြန်မာကာယဗလအားကစားအဖွဲ့တွင် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဌဦးကျော်သန်း(အုပ်ချုပ်သူ) ဦးမင်းဇော်ဦး(နည်းပြ) အားကစားသမားများဖြစ်သည့် ပြည့်ဖြိုး(၅၅ကီလိုတန်း) အောင်သန်းဌေး(၈၀ကီလိုတန်း) ဟိန်းထက်ကျော်(၈၅ကီလိုတန်း) ဟိန်းထက်ဇော် (Men’s Athletic Physique ၁၆၅ စင်တီမီတာ) ငြိမ်းချမ်း( Men’s Sports Physique ၁၇၅စင်တီမီတာ) မီမီကျော်နိုင် Women`s Model Physique ၁၆၀ စင်တီမီတာ ) တို့ ပြန်လည် လိုက်ပါလာကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here