သမိုင်းတစ်လျှောက် အကြီးမားဆုံး လေကြောင်း စစ်ရေးလေ့ကျင့်မှုကို နေတိုး စတင်

0
202

မြောက်အတ္တလန္တိတ် သဘောတူစာချုပ် အဖွဲ့အစည်း ခေါ် နေတိုးသည် ဇွန်လ ၁၂ ရက် တနင်္လာနေ့မှစ၍ ၎င်းအဖွဲ့၏သမိုင်းတစ်လျှောက် အကြီးမားဆုံး လေကြောင်း စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ကြောင်း သိရသည်။

ထိုလေ့ကျင့်မှုသည် ရုရှားကဲ့သို့ အလားအလာရှိသော ခြိမ်းခြောက်မှုများအပေါ် ၎င်းတို့ စည်းလုံးညီညွတ်နေကြောင်းကို ပြသလိုက်သည့်ပွဲဖြစ်သည်။

“လေကြောင်းရန် ကာကွယ်သူ ၂၃” ဟုခေါ်သော အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ဂျာမနီက ဦးဆောင်ပြီး ဇွန်လ ၂၃ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ရည်ရွက်ချက်မှာ မြို့များ၊ လေဆိပ်များနှင့် သင်္ဘာဆိပ်များသို့ ဒရုန်းများ၊ ခရုဇ်ဒုံးကျည်များနှင့် တိုက်ခိုက်လာပါက ခုခံကာကွယ်နိုင်ရန်အတွက် ၎င်းတို့အကြားအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနှင့် ကြိုတင်ပြင်ဆင်မှုများကို မြှင့်တင်သွားရန် ဖြစ်သည်။

အဆိုပါလေ့ကျင့်မှုတွင် ဂျပန်နှင့် ဆွီဒင် အပါအဝင် နေတိုးနှင့် မိတ်ဖက်နိုင်ငံ ၂၅ နိုင်ငံမှ စစ်လေယာဉ်ပေါင်း ၂၃၀ စီး ပါဝင်မည်ဖြစ်ပြီး လူပေါင်း တစ်သောင်းအထိ ပါဝင်လေ့ကျင့်သွားမည်ဟု သိရသည်။

ဂျာမန်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အေမီ ဂတ်ဒ်မန်းက “လေကြောင်းရန် ကာကွယ်သူ ၂၃“သည် ၎င်းမဟာမိတ်အဖွဲ့ စည်းလုံးနေကြောင်းကို ရုရှားအပါအဝင် နိုင်ငံများသို့ အသိပေးရန်အတွက် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောလာခဲ့သည်။

“အခုလေ့ကျင့်မှုကနေ ပြသနေတဲ့ ဒီမဟာမိတ်အဖွဲ့ရဲ့ အားသာချက်ဖြစ်တဲ့ စည်းလုံးညီညွတ်မှု စိတ်ဓာတ်ကို မစ္စတာ ပူတင် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်ကမျှ သတိမမူမိဘူးဆိုရင် တကယ်ကို အံ့ဩမိမှာပါ” ဂတ်မန်းဒ်က ပြောကြားခဲ့သည်။

Source:WION


LEAVE A REPLY

Please enter your comment!
Please enter your name here