တိုင်းရင်းသားကျေးရွာကို ယခုဘဏ္ဍာနှစ်အတွင်း အဆင့်မြှင့်တင်မည်

0
159

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်းရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာကို ယခု ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ တိုင်းရင်းသားကျေးရွာ အဆင့်မြှင့်တင်ရန်အတွက် နိုင်ငံသားလုပ်ငန်းရှင်များကို အိတ်ဖွင့်တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆင့်မြှင့်တင်ရာတွင် တိုင်းရင်းသားကျေးရွာအတွင်းရှိ သမင်ခြံနေရာတွင် ဝင်္ကပါပတ်လမ်း၊ ဝါးရုံတောလျှောက်လမ်းများ ပြုပြင်ခြင်းနှင့် ရေပန်းအလှတပ်ဆင်ခြင်းလုပ်ငန်းများ၊ ဆိပ်ခံဗောတံတားအနီး သောင်တူးဖော်သည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ်များနှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားလုပ်ငန်းရှင်များကို တင်ဒါဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ သိရသည်။

တင်ဒါအဆိုပြုလွှာများကို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ဇွန်လ (၁၂) ရက်မှ စတင်ရောင်းချပေးနေပြီး ဇွန်လ (၂၇) ရက် နောက်ဆုံးထားပေးပို့တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here