ရန်ကုန်တွင် ရွှေဈေးကစားသူ မရှိဟု ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ ပြောကြား

0
174

ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် (၃၁) သိန်း ဝန်းကျင်အထိ မြင့်တက်မှုရှိနေသော်လည်း ရန်ကုန်တွင် ရွှေကစားသူမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူးစ်သို့ ပြောကြားခဲ့သည်။

“ ရန်ကုန်မှာတော့မရှိဘူး ။ ငွေကြေးကစားတာ၊ ဈေးကစားတာ၊ နယ်စပ်ဖြတ်ကျော်ရောင်းတာတွေမရှိဘူး။ ငွေကြေးခဝါချမှုသင်တန်းပေးတာကလည်း (၆) ကြိမ်ရှိပြီ။ ပြီးတော့ဈေးကွက်ထဲမှာ အရောင်းအဝယ်အေးတယ်” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

လက်ရှိ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာ၍ ရွှေဈေးမြင့်တက်နေခြင်းဖြစ်ကြောင်းနှင့် မုန်တိုင်းကာလပြီးနောက် ပြည်ပမှ သွင်းကုန်တင်သွင်းမှုများ မြင့်တက်လာခြင်းနှင့်အတူ ဒေါ်လာဈေးလည်း လိုက်ပါမြင့်တက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဇွန်လ (၁၃) ရက်အတွက် ရန်ကုန်ရွှေအသင်းမှ ထုတ်ပြန်သည့် ရွှေရည်ညွှန်းဈေးမှာ ကျပ် ၂၃၀၉၁၀၀ ဖြစ်ပြီး ပြင်ပရွှေဈေးနှင့် ကျပ် (၇)သိန်းကျော် ကွာဟမှုရှိနေခြင်းဖြစ်သည်။

လက်ရှိတွင် ရွှေဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြပ် ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီက မန္တလေးစည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ရွှေဆိုင်များနှင့် ရွှေသန့်စင်ခြင်းလုပ်ငန်းများကို ဇွန်လ (၁) ရက်မှ (၂) ရက်အထိ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here