ကျိုင်းတုံတွင် မိခင်ဖြစ်သူအား သားဖြစ်သူက လယ်ယာသုံး သံထွန်ခြစ်ဖြင့်ရိုက်၍ သေဆုံး

0
180

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် မိခင်အရင်းဖြစ်သူအား သားဖြစ်သူက လယ်ယာသုံး သံထွန်ခြစ်ဖြင့် ရိုက်ခဲ့သည့်အတွက် သေဆုံးခဲ့သည့်ဖြစ်စဉ် ဇွန် (၁၂) ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း တိုင်းနေနာရေးကူညီမှုအသင်းမှ သိရသည်။

ယမန်နေ့ ည (၉) နာရီခွဲခန့်က ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ပန်လီကျေးရွာ၌ ဒေါ်နာလော (၆၃)နှစ်နှင့်သားဖြစ်သူ အားမို(၂၈)နှစ်တို့ စကားများ ရန်ဖြစ်ကြရာမှ သားဖြစ်သူက လယ်ယာသုံးသံထွန်ခြစ်ဖြင့် မိခင်ဖြစ်သူ၏ ဦးခေါင်းအားရိုက်နှက်ခဲ့ကြောင်း သိရသည်။

“သူ့သားကို တစ်နေကုန် အိပ်နေပြီး အလုပ်မလုပ်တဲ့အတွက်ပြောတာကို စိတ်ဆိုးပြီး သံထွန်ခြစ်နဲ့ နောက်စေ့ကိုရိုက်လိုက်တာလို့သိရတယ်။ နောက်စေ့မှာ အရိုက်ခံထားရတဲ့ ဒဏ်ရာ (၂)ချက်နဲ့အခင်း ဖြစ်နေရာမှာပဲ သေဆုံးသွားတာပါ” ဟု လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

သေဆုံးသွားသည့် မိခင်သူ၏ ရုပ်အလောင်းအား တိုင်းနေနာရေးကူညီမှုအသင်းမှ ကျိုင်းတုံပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူအား ကျိုင်းတုံမြို့မရဲစခန်းက ဖမ်းဆီးကာ အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here