နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆွေးနွေး

0
183

ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာထွက်‌ပြေးနေရသူများအား ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမှ တာ၀န်ရှိသူများ ယနေ့ ဇွန်လ (၁၃) ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. A S M Sayem တို့ နံနက် (၁၀) နာရီက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here