UEC က မှတ်ပုံတင်ခွင့်ပြုသည့် နိုင်ငံရေးပါတီ (၂၅) ပါတီ ရှိလာ

0
201

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံတွင် နိုင်ငံရေးပါတီ မှတ်ပုံတင်လျှောက်ထားခဲ့သည့် ပါတီများအနက်မှ မှတ်ပုံတင်ခွင့်ပြုပေးခဲ့သည့် ပါတီ (၂၅) ပါတီ ရှိပြီဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ခုနှစ်၊ ဇွန်လ (၉) ရက်နေ့က နောက်ဆုံးထုတ်ပြန်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်ချက်အရ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို မှတ်ပုံတင်အမှတ် (၂၃) ဖြင့် လည်းကောင်း၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီကို မှတ်ပုံတင် အမှတ်(၂၄) ဖြင့်လည်းကောင်း၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီကို မှတ်ပုံတင်အမှတ်(၂၅) ဖြင့်လည်းကောင်း မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အချက်အလက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၂၅) အရ မှတ်ပုံတင် လျှောက်ထားသည့် ပါတီ (၅၀) ရှိပြီး ပုဒ်မ (၃) အရ ပါတီတည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ (၁၃) ပါတီရှိကာ စုစုပေါင်း (၆၃) ပါတီရှိကြောင်း သိရသည်။

အဆိုပါ (၆၃) ပါတီတွင် တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ (၅၁) ပါတီရှိပြီး ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီ (၁၂) ပါတီရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here