အိန္ဒိယ၏ ပထမဆုံး မောင်းသူမဲ့ ပေါ့တက္ကစီဝန်ဆောင်မှုကို နွိုင်ဒါ အပြည်အပြည်ဆိုင်ရာ လေဆိပ်၌ရယူနိုင်တော့မည်

0
162

အိန္ဒိယနိုင်ငံသည် ၎င်း၏ ပထမဆုံးသော မောင်းသူမဲ့ ပေါ့တက္ကစီများကို တည်ဆောက်ကာ နွိုင်ဒါမြို့တွင် ဆောက်လုပ်လျက်ရှိသော ဂျယ်ဝါး လေဆိပ် (ခေါ်) နွိုင်ဒါ အပြည်အပြည်ဆိုင်ရာ လေဆိပ်၌ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါ့တက္ကစီ ဆိုသည်မှာ ယာဉ်မောင်းနှင်သူမလိုဘဲ အလိုအလျောက် ပြေးဆွဲနိုင်သော လျှပ်စစ်ကားမျိုး ဖြစ်ပြီး ခရီးသည်ပမာဏ အနည်းငယ်ကို တစ်နေရာမှ တစ်နေရာသို့ ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ပို့ဆောင်နိုင်ရန် ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။ သို့ရာတွင် ပေါ့တက္ကစီများသည် သာမန်အများသုံး လမ်းများ၌ မဟုတ်ဘဲ ၎င်းတို့အတွက် သီးသန့်ဖေါက်လုပ်ထားသောလမ်းများ၌သာ ပြေးဆွဲသွားမည်ဖြစ်သည်။

ဂျယ်ဝါး လေဆိပ်သည် အာရှ၌ အကြီးဆုံးလေဆိပ်သာမက ကမ္ဘာ့စတုတ္ထမြောက် အကြီးဆုံး လေဆိပ်လည်း ဖြစ်လာမည်ဖြစ်၍ ခေတ်မီသော ‌ပေါ့တက္ကစီ ခေါ် မောင်းသူမဲ့ ကိုယ်တိုင်ကိုယ်ကျ အမြန်သယ်ယူပို့ဆောင်ရေး (PRT) ဝန်ဆောင်မှုကိုပါ ထည့်သွင်းသွားရန် ပြင်ဆင်လာခြင်းဖြစ်သည်။

ပေါ့တက္ကစီသည် ၈ မိုင်ကျော် ကွာဝေးသော ဂျယ်ဝါး လေဆိပ်နှင့် နွိုင်ဒါရှိ ရုပ်ရှင်မြို့ကြား၌သာ ပြေးဆွဲသွားမည်ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုအတွက် အမေရိကန်ဒေါ်လာ ၉၈ သန်း ကျော် ကုန်ကျခံသွားမည်ဖြစ်ကြောင်း သိရသည်။

Source: INDIA TODAY


LEAVE A REPLY

Please enter your comment!
Please enter your name here