မြန်မာနိုင်ငံတွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်နှင့်နှစ်နိုင်ငံငွေ ကြေးများကိုသုံးစွဲနိုင်ရန် ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးပြောကြား

0
161

အိန္ဒိယနိုင်ငံ၊ကော်လ်ကတ္တားမြို့တွင်ကျင်းပသည့် ဘင်းမ်စတက် စီးပွားရေးလုပ်ငန်းဆွေးနွေးပွဲသို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဘင်းမ်စတက် စီးပွားရေးလုပ်ငန်းဆွေးနွေးပွဲအား အိန္ဒိယနိုင်ငံကုန်သည်များအသင်း(ICC)မှ အိန္ဒိယနိုင်ငံ၊ကော်လ်ကတ္တားမြို့တွင် ဇွန် ၁၃ ရက်နံနက် ၁၀ နာရီက ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံနှင့်ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆောင်ရွက်နေမှုနှင့်ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ၊ကုန်သွယ်မှုပိုမိုမြှင့်တင်ရေးအတွက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများကြား အပြန်အလှန်ကုန်သွယ်နိုင်မည့် အလားအလာရှိသော ကုန်ပစ္စည်းများရှာဖွေရန်နှင့်ပို့ကုန်လုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များကြား ချစ်ကြည်ရင်းနှီးမှုနှင့်ယုံကြည်မှုတည်ဆောက်ရန် စီးပွားရေးလုပ် ငန်းများမှ စီးပွားရေးလုပ်ငန်းများသို့ (B 2 B)ထိတွေ့ဆက်ဆံမှုများကိုအားပေးရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊နှစ်နိုင်ငံငွေကြေးများကို သုံးစွဲနိုင်ရေး၊နှစ်ဖက်ကုန်သည်များကြား ပိုမိုထိတွေ့ပူးပေါင်းဆောင်ရွက်ရေးနှင့်ခရီးသွားလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်‌ရေးတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ ဘင်းမ်စတက်နိုင်ငံများကြား လမ်းပန်းဆက်သွယ်မှု၊ဘဏ္ဍာရေးဆိုင်ရာဆက်သွယ်ဆောင်ရွက်မှုနှင့်ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေးတို့အား ရှေ့လုပ်ငန်းစဉ် များအဖြစ် ထည့်သွင်းစဉ်းစားရန်လည်း အကြံပြုဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးသည် ဘင်းမ်စတက်နိုင်ငံများမှ ထုတ်ကုန်ပြပွဲများ ခင်းကျင်းပြသထားရာတွင်ပါဝင်သည့် မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ခင်းကျင်းပြသထားသော ပြခန်းအား ကြည့်ရှုအားပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here