ရွှေပြည်တန်ရေယာဉ် ခရီးစဉ်များ ပြန်လည်ပြေးဆွဲနေပြီဟုဆို

0
132

ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်ခရီးစဉ်များကို ယာယီရပ်နားခဲ့ရာမှ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း အဆိုပါရေယာဉ်လိုင်းမှသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရာသီဥတုမငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရွှေပြည်တန်အမြန်ရေယာဉ်တွေအနေဖြင့် ဇွန်လ ၈ ရက် မှစတင်ကာယာယီရပ်နားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းခရီးစဉ်အားလုံး ဇွန်လ ၁၃ ရက်မှစကာ ပြန်ပြီးပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။

ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှ ပြေးဆွဲပေးနေသည့် ခရီးစဉ်များအနေဖြင့် ဇွန်လ ၁၁ ရက် မှစကာ ပုံမှန်ပြေးဆွဲပေးနေရာ စစ်တွေ- ကျောက်ဖြူ – ရမ်းဗြဲ -ကျောက်နီမော် -တောင်ကုတ် ခရီးစဉ် ကိုတော့ ယနေ့ ဇွန်လ ၁၃ ရက်မှစကာပြေးဆွဲပေးနေပြီး တနင်္လာ ၊ဗုဒ္ဓဟူးနှင့် စနေ နေ့တွင် နံနက် ၆ နာရီမှ စတင်ကာပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။

အခြားခရီးစဉ်တွေအနေဖြင့် တောင်ကုတ် – မာန်အောင် ခရီးစဉ်ကို နေ့စဉ် နံနက် ၅ နာရီ ၊ မာန်အောင်- တောင်ကုတ်ခရီးစဉ်ကို နေ့စဉ် နံနက် ၈ နာရီ ၊ စစ်တွေ- ရသေ့တောင်- ဘူးသီးတောင် ခရီးစဉ်ကို နေ့စဉ်နံနက် ၇ နာရီ နှင့် ဘူးသီးတောင်- ရသေ့တောင်- စစ်တွေ ခရီးစဉ်ကို နေ့စဉ်နံနက် ၆ နာရီအချိန်တွင် ပြေးဆွဲပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here