နိုင်ဂျာမြစ်ထဲလှေတိမ်းမှောက်၊ လူ ၁၀၀ ထက်မနည်း သေဆုံး

0
111

နိုင်ဂျီးရီးယားနိုင်ငံ၊ ကွာရာပြည်နယ်ရှိ နိုင်ဂျာမြစ်တွင် ဇွန်လ ၁၂ ရက် တနင်္လာနေ့က လှေတစ်စင်း တိမ်းမှောက်ခဲ့ရာ လူ ၁၀၀ ဦးမနည်း အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

သေဆုံးသူများသည် လှေတိမ်းမှောက်ရာ နေရာနားရှိ ကျေးရွာများမှ ရွာခံများ ဖြစ်ကြပြီး အက်ဘိုတီရွာရှိ မင်္ဂလာဆောင်ပွဲမှ ပြန်လာစဉ် ယခုကဲ့သို့ ကြုံတွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသခံများက ပြောလာသည်။

လှေသည် မြစ်၏ လှိုင်းလုံးကြီးများကြောင့် အရှိန်မထိန်းနိုင်ဘဲ သစ်ပင်နှင့် ဝင်တိုက်မိ၍ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူများတွင် ကလေးနှင့် အမျိုးသမီးများစွာ ပါဝင်သည်။

လက်ရှိအချိန်အထိ လှေမှောက်မှုကြောင့် လူ ၁၀၃ ဦး သေဆုံးပြီး လူ ၁၀၀ ဦးကျော်အား ကယ်ဆယ်ထားနိုင်ကြောင်း ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အိုကာဆန်မီ အာဂျာယီက အင်္ဂါနေ့တွင် ပြောခဲ့သည်။

ဒေသခံများ၏ ပြောဆိုချက်အရ ယခုကဲ့သို့ လူအမြောက်အများ သေဆုံးရသည်မှာ အဆိုပါ မတော်တဆမှုသည် နံနက် ၃ နာရီ လောက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အချိန်အတော်ကြာသည်အထိ မည်သူမျှ သတိမထားမိခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

မ‌တော်တဆမှုအတွင်း သေဆုံးခဲ့သူ ၆၀ ဦးကျော်အတွက် ဈာပနာပွဲများ ကျင်းပပေးခဲ့ပြီဖြစ်ပြီး ကျန်ရှိနေသာ အလောင်းများကိုလည်း ဆက်လက်ရှာဖွေနေကြောင်း သိရသည်။ လှေမတော်တဆမှုများသည် နိုင်ဂျီးရီးယားနိုင်ငံ၌ ပုံမှန်ဖြစ်ပွားလေ့ရှိသော အရာတစ်ခုပင်ဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here