တောင်ကိုရီးယားနိုင်ငံသို့ ဇွန်လ လဝက်တာ ကာလအတွင်း မြန်မာလုပ်သား (၂၉၆) ဦး စေလွှတ်ထား

0
91

တောင်ကိုရီးယား နိုင်ငံသို့ ယခု ဇွန်လ လဝက်အတွင်း မြန်မာလုပ်သားစေလွှတ်မှု နှစ်ကြိမ်ရှိခဲ့ပြီး လုပ်သား (၂၉၆) ဦး စေလွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။

EPS စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားစေလွှတ်မှုအနေဖြင့် ဇွန်လ (၇) ရက်တွင် လုပ်သားအရေအတွက် (၁၅၀) ဦး နှင့် ဇွန်လ (၁၃) ရက်တွင် လုပ်သားအရေအတွက် (၁၄၆) ဦးကို ယခုလအတွက် ဒုတိယအကြိမ် စေလွှတ်ခဲ့ကြောင်း သိရသည်။

ဇွန်လ (၁၃) ရက်တွင် စေလွှတ်ခဲ့သည့် မြန်မာလုပ်သား (၁၄၆) ဦးမှာ ကုန်ထုတ်လုပ်သားသစ်အနေဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားများကို (၃) ကြိမ်ခွဲကာ ပို့လွှတ်ခဲ့ပြီး စုစုပေါင်း လုပ်သားအရေအတွက် (၄၃၀) ဦးကို စေလွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here