စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့အား ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အာဏာသက်ဝင်နိုင်ရန်ဆောင်ရွက်နေ

0
157

စီးပွားရေးဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူပိုင်ခွင့်စနစ် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိပြီး လာမည့် နှစ်ကုန်ပိုင်းတွင် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာ ပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့အား အာဏာသက်ဝင်နိုင်ရန်ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရော င်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၏ အောက်မြန်မာပြည်ရုံးခွဲ (ရန်ကုန်)အား ဇွန် (၁၀) ရက် နံနက်ပိုင်းက ဖွင့်လှစ်ရာ ပြည်ထောင်စုဝန် ကြီး တက်ရောက်၍ အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် မူပိုင်ခွင့်ဥပဒေများအား စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မူပိုင်ခွင့်စ နစ်ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်းချက်ချမှတ်ဆောင် ရွက်လျက်ရှိကာ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း၊ တ ရားဝင်လက်ခံခြင်းကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆ ရက်တွင်စ တင်ခဲ့ပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့ရှိ လျှော က်လွှာလက်ခံဌာနများမှ တဆင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မူပိုင်ခွင့်ဥပဒေ (၄) ခုအနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ပြီးနောက် စက်မှုဒီ ဇိုင်းမူပိုင်ခွင့်ဥပဒေ၊စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေတို့အား ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အာဏာသက်ဝင်နိုင်ရန် ဆောင်ရွ က်လျက်ရှိပြီး တီထွင်မှု မူပိုင်ခွင့်ဥပဒေကိုလည်း ၂၀၂၄ ခုနှစ်တွင် အာဏာတည်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါ မူပိုင်ခွင့်ဦးစီးဌာန၏ အောက်မြန်မာပြည်ရုံးခွဲ(ရန်ကုန်)ဖွင့်ပွဲသို့ စီးပွားကူးသန်းဝန်ကြီးဌာန ပြည်ထောင်စုဝ န်ကြီး ဦးအောင်နိုင်ဦး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးသိန်းနှင့် မူပိုင်ခွင့်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်တို့တက်‌ေရာက်ကာ ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here