နိုင်ငံရေးပါတီတည်ထောင်ခွင့်‌လျှောက်ထားသည့် ပါတီ (၁၃) ခုအနက်မှ (၇) ခုကို ပါတီတည်ထောင်ခွင့်ပြုထား

0
109

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့သည့် (၁၃) ပါတီအနက်မှ ပါတီ (၇) ခုကို တည်ထောင်ခွင့်ပြုထားပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇွန် (၁၃) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် ခူမီး အမျိုးသားပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေတွေနှင့် ညီညွတ်သည့်အတွက် ဇွန် (၁၃) ရက်တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပါတီတည်ထောင်ခွင့်ရရှိသည့် ခူမီးအမျိုးသားပါတီအနေဖြင့် ရက်ပေါင်း (၃၀) အတွင်း နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပါတီအသစ် တည်ထောင်ခွင့်လျှောက်ထားသည့် (၁၃) ပါတီရှိပြီး ယင်းမှ ပါတီတစ်ခု၏ လျှောက်ထားချက်ကို ငြင်းပယ်ခဲ့ကာ (၇) ပါတီကို တည်ထောင်ခွင့်ပြုထားကာ ကျန်သည့်ပါတီတွေကိုလည်း ခွင့်ပြုနိုင်ရန် စိစစ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here