မုန်တိုင်းဒဏ်ကြောင့် ယာယီပိတ်ထားသည့် ရသေ့တောင်မြို့မစျေးအား ပြန်လည်ဖွင့်လှစ်

0
125

“မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယာယီပိတ်ထားခဲ့သည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ ရသေ့တောင်မြို့မစျေးအား မုန်တိုင်းတိုက်ခတ်ပြီး (၁) လအကြာ ဇွန်လ (၁၄) ရက်၊ နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် ရသေ့တောင်မြို့မစျေးမှာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် မုန်တိုင်းတိုက်ခတ်ပြီးချိန်မှစတင်ပြီး တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် စျေးသူစျေးသားများပူးပေါင်း၍ ပျက်စီးမှုများအား ဖယ်ရှားရှင်းလင်းခဲ့ကြပြီးနောက် ပြန်လည်ပြုပြင်တည်ဆောက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြို့နယ်စည်ပင်ဝန်ထမ်းများမှလည်း ရှင်းလင်းဖယ်ရှားခဲ့သည့် အမှိုက်များ၊ ပျက်စီးမှုများအား အမှိုက်သိမ်းကားများဖြင့် လိုက်လံသိမ်းဆည်းခြင်း၊ သတ်မှတ်နေရာ၌စွန့်ပစ်ခြင်း၊ မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

လက်ရှိတွင် ပျက်စီးမှုများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အလုံးစုံပြီးစီးပြီဖြစ်၍ ဇွန်လ ၁၄ ရက်တွင် ရသေ့တောင်မြို့မစျေးကို ယခင်အတိုင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here