နှစ်လအတွင်း စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ရရှိထား

0
404

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်၏ နှစ်လအတွင်း ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃၂ ဘီလီယံရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

အဆိုပါ တင်ပို့မှုသည် ပြီးခဲ့သည့်နှစ်နှင့် ကာလတူ နှိင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၃၈၄) သန်းကျော် လျော့ကျနေကြောင်း စာရင်းများအရ သိရသည်။

ပြည်ပသို့ ပုဂ္ဂလိက ကဏ္ဍမှ စက်မှုကုန်ချောတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၈၀၀ ဒဿမ ၅၄၉ သန်း နှင့် နိုင်ငံပိုင်ကဏ္ဍတင်ပို့မှုမှ ကန်ဒေါ်လာ ၅၁၉ ဒဿမ ၄၈၅ သန်း ရရှိခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ပြည်ပသို့ မြန်မာနိုင်ငံမှ လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းတွေကို တင်ပို့နေပြီး စက်မှုကုန်ချောတင်ပို့မှုမှ အများဆုံးပို့ကုန်ဝင်ငွေ ရရှိထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန် (၁၀) မျိုးတွင် စက်မှုကုန်ချောတစ်ခုဖြစ်သည့် ချုပ်ပြီး အထည်တင်ပို့မှုသည် ပထမနေရာတွင် ရှိနေပြီး သကြား၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့ အစရှိသည့် ကုန်ပစ္စည်းများလည်း တင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here