KAPAL API GROUP INDONESIA OPEN 2023 တွင် R32 အဆင့်ဖြင်သာ ကျေနပ်ရခဲ့သည့် သက်ထားသူဇာ

0
134

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇွန်လ ၁၃ရက်နေ့မှ ၁၈ရက်နေ့အထိ ကျင်းပမည့် KAPAL API GROUP Indonesia Open 2023 ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီိး R32 အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရကြောင်း သိရသည်။

သက်ထားသူဇာသည် အဆိုပါ ပြိုင်ပွဲတွင်ယှဉ်ပြိုင်ရန် စာရင်းပေးခဲ့ပြီး ပြိုင်ပွဲအနားနီးချိန်မှ အရန်စာရင်းမှ ရွေးချယ်ခံခဲ့ရသည့်အတွက် ပြိုင်ပွဲကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့သို့ ပြိုင်ပွဲမကျင်းပမှီ တစ်ရက်အလိုမှ ထွက်ခွာသွားခဲ့ရသည်။

ကမ္ဘာ့အဆင့်(၅၇)ရှိ သက်ထားသူဇာသည် ပြိုင်ပွဲအတွက်ပြင်ဆင်ချိန်နည်းပါးခဲ့ပြီး (၃၂) ဦးအဆင့်တွင် သူမထက် ကမ္ဘာ့အဆင့်နှင့် လက်ရည်သာလွန်သည့် ကမ္ဘာ့အဆင့်(၇)ရှိ တရုတ်ကြက်တောင်မယ် WANG Zhi Yi နှင့် ယှဉ်ပြိုင်ခဲ့ရသည်။

ထိုသို့ယှဉ်ပြိုင်ရာ တရုတ်ကြက်တောင်မယ် WANG Zhi Yi က ၂၁ မှတ် ၁၁ မှတ်၊ ၂၁ မှတ် ၉ မှတ်ဖြင့် သက်ထားသူဇာကို အနိုင်ရရှိပြီး ၁၆ ဦးအဆင့်သို့ တက်ရောက်သွားခဲ့သည်။

သက်ထားသူဇာသည် လာမည့် ဇွန်လ ၂၀ ရက်မှ ၂၅ ရက်အထိ တရုတ် (တိုင်ပေ) တွင်ကျင်းပမည့် YONEX TAIPEI OPEN 2023 တွင်၀င်ရောက်ယှဉ်ပြိုင်ဦးမည်ဖြစ်ပြီး ဗီယက်နမ်ကြက်တောင်မယ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here