နောင်ချို-ရပ်စောက်သွား ကားလမ်းတွင် ကုန်တင်ကားတစ်စီးတိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံးပြီး ယာဥ်နောက်လိုက်ဒဏ်ရာရ

0
91

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်ချို – ရပ်စောက်သွားကားလမ်းတွင် ယနေ့ ဇွန် (၁၄) ရက် နေ့လ ယ်ပိုင်းက ကုန်တင်ကားတစ်စီး တိမ်းမှောက်ကာ ယာဉ် မောင်း သေဆုံးပြီး ယာဉ်နောက်လိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့ နေ့လယ် (၁) နာရီ (၄၅) မိနစ်ခန့်က နောင်ချိုမြို့ န ယ်၊ သရက်ကုန်းကျေးရွာအနီး နောင်ချို – ရပ်စောက်သွား ကားလမ်းပေါ်တွင် ကုန်တင်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာမှ ယာဉ်မောင်းဖြစ်သူမှာခေါ င်းခန်းအတွင်း၌ ညပ်၍သေဆုံးသွားခဲ့ပြီး ယာဥ်နောက်လိုက်ဖြစ်သူမှာ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်နေရာသို့ နောင်ချိုမြို့နယ် မီးသတ်စခန်းမှတပ် ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက သွားရော က်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ ပေးကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှ သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခို က်ဒဏ်ရာရရှိသူတို့အား ဖြူစင်မေတ္တာလူမှုကူညီရေးအ သင်းကားဖြင့် နောင်ချိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here