မေလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ မက်ထရစ်တန်ချိန် (၁) သိန်းကျော် တင်ပို့နိုင်ခဲ့

0
124

ပြီးခဲ့သည့် မေလတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် ၁၁၇၀၆ တန် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ (၄၈) သန်း ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်မှ သိရသည်။

ပြည်ပဆန်တင်ပို့မှုအနေဖြင့် ကုမ္ပဏီပေါင်း (၄၁) ခုမှတင်ပို့ခဲ့ခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်ပို့မှုအ‌နေဖြင့် ၁၀၂၈၀၁ မက်ထရစ်တန်နှင့် နယ်စပ်လမ်းကြောင်းမှ တင်ပို့မှု ၇၉၀၅ မက်ထရစ်တန် တင်ပို့ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း ပြည်ပဆန်တင်ပို့မှု မက်ထရစ်တန်ချိန် ၄၆၇၈၆ တန်နှင့် ဆန်ကွဲ ၆၃၉၂၀ မက်ထရစ်တန် တင်ပို့ထားပြီး ဆန်တင်ပို့မှုတွင် တူရကီနိုင်ငံသို့ မက်ထရစ်တန်ချိန် ၁၁၃၇၆ တန်၊ စပိန်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၄၄၄၉ တန်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ မက်ထရစ်တန်ချိန် ၄၁၂၅ တန်၊ ဘူဂေးရီးယား နိုင်ငံသို့ မက်ထရစ်တန်ချိန် ၃၇၄၇ တန်၊ ပေါ်တူဂီနိုင်ငံသို့ မက်ထရစ်တန်ချိန် ၂၇၅၀ တန် အပါအဝင် အခြားနိုင်ငံပေါင်း (၁၁) နိုင်ငံသို့ မက်ထရစ်တန်ချိန် ၂၀၃၃၉ တန် တင်ပို့ထားကြောင်း သိရသည်။

ထို့ပြင် ဆန်ကွဲတင်ပို့မှုတွင် ဘယ်လ်ဂျီယံနိုင်ငံသို့ မက်ထရစ်တန်ချိန် ၂၅၉၂၅ တန်၊ နယ်သာလန်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၁၃၅၀၀ တန်၊ တရုတ်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၁၂၀၃၅ တန်၊ ပိုလန်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၄၀၅ ၀ တန်၊ စပိန်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၄၀၀၀ တန်အပါ အဝင် အခြားနိုင်ငံ (၅) နိုင်ငံသို့ မက်ထရစ်တန်ချိန် ၄၄၁၀ တန်တင်ပို့ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှု တန်ချိန် ၈၇၆၄၈ တန် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ (၃၆) သန်းရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်နှစ်လတာ ကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှု တန်ချိန် (၁၉၈၃၅၄) တန် တင်ပို့ထားပြီး ပို့ကုန်ရငွေ ကန်ဒေါ်လာ (၈၄) သန်း ရရှိထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here