ယခုဘဏ္ဍာနှစ် (၂)လတာ ကာလအတွင်း ပြည်ပသို့ ကုလားပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုံးသိန်းကျော်ရရှိထား

0
175

ယခု ဘဏ္ဍာနှစ် ဧပြီလနှင့် မေလအတွင်း ပြည်ပသို့ ကုလားပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုံးသိန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ သိရသည်။

ဧပြီနှင့် မေလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းမှ တင်ပို့ထားခြင်းဖြစ်ပြီး အမေရိကန်ဒေါ် လာ ၃ ဒဿမ ၃၂ သိန်းဖိုးရရှိထားခြင်းဖြစ်ကာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက တင်ပို့ရောင်းချမှုမရှိသေးကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကုလားပဲတင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၁၃၉ သန်းအထိ နိုင်ငံခြား ဝင်ငွေရရှိခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင်ဈေးကွက်၏ ကုလားပဲ ဈေးနှုန်းများမှာ ကုလားပဲလုံးဖြူ တစ်ပိဿာလျှင် ကျပ် ၄၄၀၀ မှ ၄၅၀၀၊ ကုလားပဲလုံးဖြူကြီး တစ်ပိဿာလျှင် ကျပ် ၄၅၀၀ မှ ၄၆၀၀၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ကျပ် ၅၈၀၀ မှ ၆၀၀၀ အထိရှိပြီး ကု လားပဲလုံးဖြူကြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၅၀ မှ ၁၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here