ရခိုင်တွင် တလအတွင်းလူနာပေါင်း (၅) သောင်းကျော်ကို ကုသခဲ့

0
62

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်းမှ ပြည်သူ (၅) သောင်းကျော်ကို မေလ (၁၆) ရက်မှ ဇွန် (၁၄) ရက်အတွင်း ကျန်းမာရေးကုသမှုပေးနိုင်ခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်းကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးရာတွင် မေလ (၁၆) ရက်မှ ဇွန်လ (၁၄) ရက်အထိ ပြင်ပလူနာ ၁၇၂၃၉ ဦး၊ အတွင်းလူနာ ၃၃၅၂၇ ဦးတို့ကို ကုသပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိတွင်လည်း ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၁၇) မြို့နယ်ရှိ ဒေသခံပြည်သူများအား မြို့နယ်ဆေးရုံ (၁၇) ရုံ၊ တိုက်နယ်ဆေးရုံ (၄၃) ရုံအပြင် အထူးကုဆေးအဖွဲ့ (၂) ဖွဲ့၊ အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့ (၈)ဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အရေးပေါ် ကျန်းမာရေး တုံ့ပြန်ဆောင်ရွက်မှုများ ဆောင်ရွက်ရာတွင်လည်း မုန်တိုင်းအကြို ကာလနှင့် တိုက်ခတ်ပြီးစ အချိန်များတွင် ရန်ကုန်၊ ပြည်၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်တို့မှ ဆရာဝန်၊ ဆရာမများဖြင့် စုဖွဲ့ဆောင်ရွက်ခဲ့ကြောင်းနှင့် မေလ (၃၀) ရက်တွင် အလှည့်ကျ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသော ပဲခူး၊ ဧရာ၀တီတိုင်းဒေသကြီး၊ မွန်ပြည်နယ်အဖွဲ့များနှင့် တာဝန်လဲလှယ်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here